Powered by Blogger.

ကွင်းလယ်လူ ဂျိန်းမက္ကာသီ ခြေထောက်အရိုး ၂ ချောင်းလုံးကျိုးသွားတယ်လို့ အဲဗာတန်အတည်ပြု


အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်မက္ကာသီဟာဝက်စ်ဘရွန်းတိုက်စစ်မှူး ရွန်ဒွန်ရဲ့ဖျက်ထုတ်မှုကြောင့်ညာဘက်ခြေထောက်အရိုး ၂ ချောင်းစလုံးကျိုးသွားတယ်လို့နည်းပြ အလာဒိုက်စ်ကအတည်ပြုလိုက်ပါတယ်။

၁-၁ သရေကျခဲ့တဲ့အဲဒီပွဲမှာ ရွန်ဒွန်ဂိုးပေါက်ကန်ချိန်မှာမက္ကာသီက၀င်ဖျက်လိုက်လို့ ဘောလုံးကိုမထိဘဲသူ့ခြေထောက်ကိုထိသွားရာမှာ မက္ကာသီရဲ့ ညာဘက်ခြေထောက်မှာရှိတဲ့အရိုး ၂ ချောင်းစလုံးသွင်သွင်ကျိုးသွားခဲ့တာဖြစ်ပါတယ်။်

ရွန်ဒွန်ဟာသူ့ရဲ့ကန်ချက်ကြောင့် အဲဗာတန်ကွင်းလယ်လူ ဂျိမ်းစ်မက္ကာသီခြေထောက်ကျိုးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီးကွင်းထဲမှာတင်ငိုကြွေးခဲ့ပါတယ်။ အခုလိုဆိုးရွားတဲ့ဒဏ်ရာကိုမြင်လိုက်ရလို့ သူတို့ဟာပြိုင်ဘက်တွေဆိုတာကိုမေ့ပြီးငိုကြွေးခဲ့ကြောင်း မက္ကာသီအမြန်ဆုံးပြန်ကစားနိုင်မယ်လို့မျှော်လင့်ကြောင်း တွစ်တာကနေပြောသွားပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment