စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူကော်တင်ဟိုဟာ ဘာစီလိုအသင်းမှာကျောနံပါတ် ၁၄ ကိုဝတ်ဆင်ကစားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါကျောနံပါတ်ကို အရင်က မာရှေယာနိုက၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။
ကော်တင်ဟိုဟာ အက်စ်ပန်ညိအသင်းနဲ့ စပိန်ဘုရင့်ဖလားကွာတားဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ကျောနံပါတ်၁၄ဖြင့် လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာ ဘာစီလိုနာအသင်းဟာ ၂ဂိုးပြတ်ဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်သို့တတ်လှမ်းသွားပြီဖြစ်ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment