Powered by Blogger.

မက်ဆီကို စံချိန်တင်ပြောင်းရွေ့ ကြေးဖြင့် ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းကို ငြင်းဆိုလိုက်တဲ့ ဂွါဒီယိုလာ


ပရီးမီးယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွါဒီယိုလာက အသင်းဟောင်းဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီအားပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းမရှိဘူးလို့ငြင်းဆို သွားခဲ့ပါတယ်။

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်သည် မက်ဆီအား လက်မှတ်ထိုးကြေး ယူရိုသန်း ၁၀၀ ၊ တစ်နှစ်လစာ ယူရိုသန်း ၅၀  ဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း စပိန်အခြေစိုက် မာကာ သတင်းစာက ဖော်ပြခဲ့သည်။

 ရှက်တာဒိုးနက်အသင်းနှင့် ချန်ပီယံလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက မေးမြန်းရာ ဂွါဒီယိုလာက “မဟုတ်ပါဘူး။ ဒီသတင်းတွေက မမှန်ပါဘူး။ လီယွန်နယ်မက်ဆီက လွန်ခဲ့တဲ့တစ်ပတ်ကမှ စာချုပ်ချုပ်ဆိုခဲ့ပြီး အသင်းကထွက်ခွာဖြစ်မှာလည်းမဟုတ်ပါဘူး။

လီယွန်နယ်မက်ဆီက ဘာစီလိုနာအသင်းနဲ့ ကစားသမားဘ၀စတင်ခဲ့ပြီး ဘာစီလိုနာမှာပဲ နောက်ဆုံးအချိန်အထိကစားမှာပါ။ သူသာ အသင်းကထွက်ခွာမယ်ဆိုရင် စာချုပ်သစ်မှာ လက်မှတ်ရေးထိုးမှာမဟုတ်ပါဘူး”ဟု တုံ့ပြန်ပြောကြားသည်။

Mocha

#sport.thithtoolwin.com

 Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment