Powered by Blogger.

ဒိုင်ဘာလာကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကို ဈေးနူန်းမေးမြန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြမော်ရင်ဟိုဟာ  ဂျူဗင်တပ်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူးဒိုင်ဘာလာကိုခေါ်ယူဖို့ ဂျူဗင်အသင်းကို ဈေးနူန်းမေးမြန်းခဲ့တယ်လို့သိရပါတယ်။ မော်ရင်ဟိုဟာ ဂရစ်ဇ်မန်းကိုမရရင် ဒိုင်ဘာလာကိုခေါ်ဖို့ပစ်မှတ်ထားနေတာဖြစ်တယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမား ဒိုင်ဘာလာဟာ လက်ရှိမှာဂျူဗင်တပ်နဲ့ရောနည်းပြအယ်လီဂရီနဲ့ပါအဆင်မပြေဖြစ်နေလို့ ဂရစ်ဇ်မန်းထက်စာရင် ဒိုင်ဘာလာကိုခေါ်ဖို့ကပိုပြီးဖြစ်နိုင်ချေရှိနေတာကိုတွေ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒိုင်ဘာလာဟာဥရောပမှာရှိတဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာတစ်ဦးအပါအ၀င်ဖြစ်ပြီး မကြာသေးခင်ကဂျူဗင်တပ်မှာ ကျောနံပါတ် ၁၀ကိုလက်ခံရယူခဲ့သူဖြစ်ပါတယ်။

Mocha

sport.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment