စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းဟာချန်ပီယံလိဂ်မှာ အကောင်းဆုံးပုံစံဖြင့် ပြန်လာမယ်လို့ပြောဆိုလိုက်ပါတယ်။စပါးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုမှာ ရီးရဲလ် နှင့် ဒေါ့မွန်တို့ အားကျော်ဖြတ်ကာ အုပ်စုဗိုလ်ဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
စပါးအသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် နှင့် အီတလီကလပ် ဂျူဗင်တပ် စတဲ့အသင်းကြီးတွေနဲ့ တွေ့ဆုံဖို့များနေပါတယ်။ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲတလျှောက်မှာ သွင်းဂိုး ၆ ဂိုးထိရှိနေပြီး ပရီးမီးယားလိဂ်သွင်းဂိုးကတော့ ၁၂ ဂိုးထိရှိနေပါတယ်။
ဟယ်ရီကိန်းက"ကျွန်တော်တို့ အုပ်စုပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ဒေါ့မွန် တို့ ရီးရဲလ်မတ်ဒရစ်တို့ နဲ့ဆုံတွေပြီးပါပြီ။လူတွေကတော့ ပြောကြပါတယ်။ကျွန်တော်တို့ ဘယ်အသင်းကိုမှကြောက်စရာမလိုဘူးပေါ့။ဒီတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးတွေ့ဆုံမယ့် အသင်းတွေက ဥရောပရဲ့ကြီးကြယ်ခမ်းနားတဲ့ အသင်းတွေဖြစ်ပါတယ်။ဘယ်သူတွေဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"ပြောဆိုသွားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref:
0 comments :
Post a Comment