Powered by Blogger.

၂၀၁၇ခုနှစ်ရဲ့ ကလပ်နဲ့နိုင်ငံအသင်းအတွက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မက်ဆီနဲ့ေ၇ာ်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး စံချိန်တင်နိုင်ခဲ့တဲ့ ဟာရီကိန်း


မနေ့ညကစပါးအသင်းဟာအိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို  တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ ၈ိုးပြတ်အနိုင်ယူခဲ့ပါတယ်။

တိုက်စစ်မူးဟာရီကိန်းဟာအဆိုပါပွဲမှာသွင်းယူခဲ့တဲ့ သွင်းဂိုးသုံးဂိုးအပါဝင်စုစုပေါင်းသွင်းဂိုး ၅၆ဂိုးဖြင့် ဘောလုံပြက္ခဒိန်တစ်နှစ်အတွင်းကလပ်နဲ့နိုင်ငံအသင်းအတွက် ဂိုးသွင်းအများဆုံးသူအဖြစ် မက်ဆီနဲ့ ရော်နယ်ဒိုကိုကျော်ဖြတ်ပြီးစံချိန်တင်နိုင်ခဲ့ပါတယ်။

ကိန်းဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးစံချိန်ကတင်ထားတဲ့ အလန်ရှီးယားရဲ့စံချိန်ကိုလည်းကျော်ဖြတ်နိုင်ခဲ့ပြီလို့သိရပါတယ်။

ကိန်းဟာရှီးယားရဲ့ ၃၆ ဂိုးစံချိန်ကိုပြီးခဲ့တဲ့ အပါတ်ထဲကလိုက်မီထားတာဖြစ်ပါတယ်။ဟယ်ရီကိန်းဟာ ရှီးယားထက် ၃ ဂိုးအသာစီးရပြီး ၃၉ ဂိုးနဲ့စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။

 Mocha

#sport.thithtoolwin.com

 Ref:guardian
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment