Powered by Blogger.

ခြေဖနောင့်ကြောဒဏ်ရာကြောင့် ကစားသမားဘဝကုန်ဆုံးဖွယ်ရှိနေတဲ့ ကာဇိုလာ





အာဆင်နယ်ကွင်းလယ်လူကာဇိုလာဟာ သူရဲ့ခြေဖနောင့်ကြောဒဏ်ရာကအနည်းငယ်နာကျင်လာတဲ့အတွက် ထပ်မံခွဲစိတ်ခဲ့ရတယ်လို့သိရပါတယ်။ဒါဟာ ၉ ကြိမ်မြောက်ခွဲစိတ်ရခြင်းလည်းဖြစ်လို့ သူ့ရဲ့ကစားသမားဘ၀လည်းမရေမရာဖြစ်လာခဲ့တာပါ။
အသက် ၃၂ နှစ်ရှိတဲ့ကာဇိုလာဟာ ဒီဒဏ်ရာကိုခွဲစိတ်ခဲ့ရပြီးနောက် ပိုးဝင်လို့အကြိမ်ကြိမ်ခွဲခဲ့ရတာဖြစ်ပြီး အခုဆိုဘောလုံးမကစားနိုင်တာလည်း တစ်နှစ်ကျော်ကြာနေပါပြီ။

သူ့ရဲ့တွစ်တာစာမျက်နှာထက်ကနေတစ်ဆင့် ကာဇိုလာက ဒဏ်ရာအနည်းငယ်နာလာလို့ထပ်ခွဲခဲ့ရကြောင်း၊ဒါပေမယ့်ဘောလုံးပြန်ကစားဖို့အတွက်စိတ်အားထက်သန်စွာနဲ့မျှော်လင့်ချက်ထားနေဆဲဖြစ်ကြောင်းဆိုခဲ့ပါတယ်။

Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment