Powered by Blogger.

ပရီးမီးယာလိဂ်ချန်ပီယံဆုကို ရယုနိုင်စွမ်းမရှိတော့ဘူးလို့ ဝန်ခံလိုက်တဲ့ စပါးနည်းပြပိုချက်တီနို




စပါးအသင်းဟာ အိမ်ကွင်းမှာဝက်စ်ဘရွမ်းအသင်းနဲ့ ၁-၁ သရေကျပြီးတဲ့နောက် ဒီရာသီပရီးမီးယားလိဂ်မှာသူတို့တွေဗိုလ်စွဲနိုင်စွမ်းမရှိတော့ဘူးလို့ နည်းပြပိုချက်တီနိုက၀န်ခံလိုက်ပါတယ်။မန်စီးတီးအသင်းဟာ ဟတ်ဒါလ်ဖီးအသင်းကိုအနိုင်ရယူခဲ့တာကြောင့်စပါးနဲ့အမှတ်ကွာဟမှုက ၁၃ မှတ်အထိရှိသွားနိုင်ပါတယ်။

လက်ရှိမှာစပါးဟာထိပ်ဆုံးကဦးဆောင်နေတဲ့မန်စီးတီးနဲ့ ၁၀ မှတ်ကွာပြီး အဆင့် ၄ နေရာမှာရှိနေပါတယ်။ပိုချက်တီနိုက“၁၀ မှတ်ကွာတယ်ဆိုတာ ပရီးမီးယားလိဂ်မှာအရမ်းကိုများသွားပါပြီ။ဒါကြောင့် တတ်နိုင်သလောက်တိုးတက်အောင်ဘဲကြိုးစားရပါတော့မယ်”လို့ပြောသွားပါတယ်။

Mocha

#thithtoolwinsports

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment