Powered by Blogger.

ဇန်နဝါရီအပြောင်းရွေ့မှာ တပည့်ဟောင်းကို ခေါ်ယူဖို့စီစဉ်နေတဲ့ မော်ရင်ဟို




မန်ချက်စတာယူနိုက်အသင်း ရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုဟာလာမယ့်ဇန်န၀ါရီဈေးကွက်ဖွင့်ချိန်မှာ သူ့အသင်းဟောင်းချဲလ်ဆီးက ကစားသမားဖြစ်တဲ့ တပည့်ဟောင်း ၀ီလျံကိုခေါ်ယူဖို့စီစဉ်နေတယ်လို့သိရပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဘရာဇီးသားဝီလျံဟာ ကွန်တီလက်ထက်မှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရသူဖြစ်ပါတယ်။လက်ရှိအခြေအနေသာမတိုးတက်ဖူးဆိုရင် လာမယ့်ဈေးကွက်ဖွင့်ချိန်မှာ ၀ီလျံကိုခေါ်ဖို့မော်ရင်ဟို စီစဉ်လိမ့်မယ်လို့ဆိုပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဟာပီအက်စ်ဂျီအသင်းကွင်းလယ်လူ လူးကက်စ်မိုရာကိုခေါ်ဖို့ကြိုးစားနေတဲ့အတွက် ၀ီလျံဟာချဲလ်ဆီးမှာလူပိုလိုဖြစ်သွားနိုင်တာကြောင့် သူကလည်းအသင်းပြောင်းနိုင်တယ်လို့ဆိုပါတယ်။

Mocha

#thithtoolwins

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment