Powered by Blogger.

မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ်ကို ခေါ်ယူဖို့ကြိုးစားမယ့် ရီးရဲလ်မက်ဒရစ်အသင်း




ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူ အသင်း တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီမာရှယ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ခေါ်ယူဖို့ကြိုးစားမယ်လို့ စပိန်အခြေစိုက်သတင်းဌာနများကဖော်ပြခဲ့ကျပါတယ်။

 ယခုနှစ်ဘောလုံးရာသီမှာ စီရော်နယ်ဒိုနှင့် ဘန်ဇီမာ အပါအ၀င် ရီးရဲလ်မက်ဒရစ် အသင်း တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်း ကျဆင်းနေမှုကို ဖြေရှင်းဖို့ အတွက် မာဆီရယ်ကို ယခုလို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

 မာရှယ်ဟာ မန်ယူ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာ အတွက်ကို ရုန်းကန်နေရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဆီဗီလာ အသင်း အပါအ၀င် ကလပ်အသင်း အတော်များများနှင့် သတင်းထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ဇီဒန်း အနေဖြင့်လည်း အသင်းကို လူငယ် ကစားသမားများဖြင့် သွေးသစ်လောင်းကာ လာမယ့် နွေရာသီမှာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

Mocha

#thithtoolwinsports

Ref:dail mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment