Powered by Blogger.

အင်တာ တိုက်စစ်မှူးအီကာဒီကို ခေါ်ယူဖို့စိတ်ဝင်းစားနေတဲ့ ချဲလ်ဆီးအသင်း






ပရီးမီးယာလိဂ်ချန်ပီယံချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်လိုနေပြီး အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့ အတွက် စိတ်ဝင်းစားနေပြီး စောင့်ကြည့်မူတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူး ဖြစ်သူဟာ ယခုရာသီ အင်တာမီလန် အသင်း အတွက် အားထားရတဲ့ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ အီကာဒီဟာ ယခုရာသီမှာ အင်တာမီလန် အသင်း အတွက်ကို စီးရီးအေ ၁၂ ပွဲ ကစားပြီး ၁၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်း နည်းပြ ကွန်တီဟာ အီကာဒီကို ခေါ်ယူပြီး ယခုရာသီ အသင်း တိုက်စစ်မှာ မိုရာတာနှင့် တွဲဖက်ပြီး အကောင်းဆုံး တိုက်စစ်ကို ပုံဖော်ဖို့ အတွက် စိတ်ဝင်စား နေတာပဲ ဖြစ်ပါတယ်။

Mocha

#thithtoolwinsports

Ref:goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment