Powered by Blogger.

လေ့ကျင့်ခန်း ပြန်လည်ဆင်းနေပြီးဖြစ်တဲ့ ယူနိုက်တက်ကွင်းလယ်လူပေါ့ဘာ


မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဟာတံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ကြာအနားယူပြီးတဲ့နောက် အသင်းကြီးနဲ့အတူလေ့ကျင့်ခန်းတွေကိုအပြည့်အ၀ပြန်လည်ပြုလုပ်နေပြီလို့သိရပါတယ်။သူဟာ စက်တင်ဘာလလယ်ပိုင်းမှာမန်ယူက ဘေဆယ်ကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာဒီဒဏ်ရာရခဲ့ပြီးနောက်ပိုင်းအနားယူခဲ့ရသူဖြစ်ပါတယ်။

ဆံပင်ပုံစံအသစ်နဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် ပေါ့ဂ်ဘာဟာ မနက်ဖြန်ခါစပါးနဲ့ကစားရမယ့်ပွဲမှာပါဝင်နိုင်ဦးမှာမဟုတ်ဘဲ နိုင်ဝင်ဘာ ၅ မှာ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ရမယ့်ပွဲရောက်မှ ကစားဖို့ရှိနေပါတယ်။သူမပါတဲ့အချိန်မှာ မန်ယူဟာရလဒ်တွေဆိုးရွားခဲ့ပြီး မန်စီးတီးနဲ့ ၅ မှတ်ကွာဟသွားတဲ့အထိဖြစ်ခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment