Powered by Blogger.

မန်ယူအသင်းနှင့် ပွဲကို လွဲချော်တော့မယ့် စပါးတိုက်စစ်မူးဟယ်ရီကိန်း



ယခုနှစ်ဘောလုံးရာသီမှာ ကမ္ဘာအဆင့်ခြေစွမ်းတွေပြသနေတဲ့ စပါးအသင်းရဲ့  တိုက်စစ်မှူး ဟယ်ရီကိန်းဟာလာမယ့် စနေနေ့ မန်ယူအသင်းနဲ့ကစားရမယ့် အဝေးကွင်းပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်နိုင်ကြောင်း အသင်း နည်းပြ ပိုချက်တီနိုက အတည်ပြုပြောဆိုလိုက်ပါတယ်။ ကိန်းဟာ  ၀က်စ်ဟမ်း အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးခဲ့တဲ့ Carabao Cup ပွဲစဉ်ကိုလည်း လွဲချော်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို ၃ ရာသီဆက်တိုက် ရရှိဖို့ အတွက် ရေပန်းစားနေတဲ့ ဟယ်ရီကိန်းဟာ ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ယူ အသင်းနှင့် အဝေးကွင်း ပွဲစဉ် အပြင် ရီးရဲလ်မက်ဒရစ် အသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွေကြောင့် ကြားရက် Carabao Cup ပွဲစဉ်မှာ အနားပေးခြင်း ခံရတာ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။

 စပါး အသင်း နည်းပြ ပိုချက်တီနိုကတော့ ၎င်းတို့ အသင်း အနေဖြင့် အလှည့်ကျ လူစာရင်း သုံးဖို့ အနေအထားကြောင့် အသင်း အတွက်ကို လာမယ့် ရက် အနည်းငယ် အတွင်း ပြောင်းလဲမယ့် အနေအထားတွေကို မြင်တွေ့ရနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment