Powered by Blogger.

နောက်ခံလူ ဖီးဂျုံးကိုစာချုပ်သစ်ချုပ်ဆိုတော့မယ့်မန်ချက်စတာယူနိုက်တက်


မန်ချက်စတာယူနိုက်တက်အသင်းဟာ  နောက်ခံကစားသမား ဖီးဂျုံးကို လုပ်ခလစာတိုးမြှင့်ပေးပြီး  စာချုပ်သစ်ချုပ်ဆိုဖို့စီစဉ်နေတယ်လို့သိရပါတယ်။

အသက်၂၅ နှစ်အရွယ်ရှိတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား ဖီးဂျုံးဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး အဓိကကစားသမားတယောက်အဖြစ်ခြေစွမ်းပြနေတာခဲ့တာကိုတွေ့ရပါတယ်။

ဖီးဂျုံးဟာ မန်ယူအသင်းအကြား ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် တစ်နှစ်ကျော် မျှသာ ကျန်ရှိတော့၍  ဖီးဂျုံးကို စာချုပ်သစ်အတွက် အလျင်အမြန် လက်မှတ်ရေးထိုးနိုင်ရန် မန်ယူအသင်းတာဝန်ရှိသူများက စီစဉ်လာခဲ့ကြခြင်းဖြစ်သည်။

လက်ရှိခြေစွမ်းနှင့် ပွဲထွက်ကစားခွင့်များအရ ဖီးဂျုံးမှာ လာမည့်နှစ် ရုရှားနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းကို ကိုယ်စားပြု ပွဲထွက်ကစားသမားတစ်ယောက်အဖြစ် နေရာရနိုင်ရန် အခွင့်အရေးများလာခဲ့ပြီဖြစ်သည်။

Mocha


Ref: ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment