Powered by Blogger.

နည်းပြရှိတ်စပီးယားကို ထုတ်ပယ်လိုက်တဲ့ လတ်စတာအသင်း


ယခုနှစ်ဘောလုံးရာသီအစမှာ ရလဒ်တွေဆိုးဝါးနေတဲ့ လတ်စတာစီးတီးအသင်းဟာ ရလဒ်ကောင်းအောင်မစွမ်းဆောင်နိုင်တဲ့ နည်းပြရှိတ်စပီးယားကိုထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။လက်စတာအသင်းဟာ တနင်္လာနေ့ကအိမ်ကွင်းမှာဝက်စ်ဘရွမ်းအသင်းကို ၁-၁သရေကျပြီးတဲ့နောက် နည်းပြရှိတ်စပီးယားကိုရာထူးကနေထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

လက်စတာဟာ ၈ပွဲကစားပြီးချိန်မှာ ၁ ပွဲသာနိုင်သေးတဲ့အတွက် ကလပ်ပိုင်ရှင် ဗီချိုင်းကရှိတ်စပီးယားကိုခေါ်တွေ့ပြီး ရာထူးကနေထုတ်ပယ်လိုက်တယ်ဆိုတာကိုအသိပေးလိုက်တာဖြစ်ပါတယ်။

ရှိတ်စပီးယားဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ရာထူးကနေထုတ်ပယ်ခံလိုက်ရတဲ့ ရေနီယာရီနေရာမှာအသင်းကိုအစားဝင်ရောက်တာဝန်ယူခဲ့ပြီး တိုးတက်လာအောင်စွမ်းဆောင်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့တိုးတက်မှုကိုထိန်းထားနိုင်ခြင်းမရှိမှုနဲ့အတူ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ ၄ လကမှ ၃နှစ်စာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment