Powered by Blogger.

ဟာရီကိန်းကို စီရော်နယ်ဒိုထက်ပိုကောင်းတယ်လို့်ချီးကျုးပြောဆိုခဲ့တဲ့ ပိုချက်တီနို



စပါးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်မှာ အေပိုးလ်အသင်းကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၀ -၃ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာတိုက်စစ်မူး ဟယ်ရီကိန်းဟာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ကိန်းဟာ အဆိုပါဟက်ထရစ်ကို ခြေထောက်နှစ်ချောင်းစလုံးနဲ့ရော၊ခေါင်းတိုက်ပြီးပါသွင်းယူခဲ့တာဖြစ်လို့ ပြီးပြည့်စုံတဲ့ဟက်ထရစ်ကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်းရဲ့တိုက်စစ်မူး ဟယ်ရီကိန်းဟာစီရော်နယ်ဒိုထက်တောင်ပိုကောင်းတဲ့တိုက်စစ်မှူးဖြစ်နေပြီလို့ပြောဆိုလိုက်ပါတယ်။

ပိုချက်တီနိုက“စီရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ယောက်ပေါ့။ဟယ်ရီကိန်းလည်းအကောင်းဆုံးတွေထဲကတစ်ယောက်ပါဘဲ။သူကပိုငယ်တဲ့အတွက်ပိုတောင်ကောင်းတယ်လို့ထင်ပါတယ်“လို့ပြောသွားပါတယ်။အသက် ၂၃ နှစ်ရှိတဲ့ကိန်းနဲ့အသက် ၃၂နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုတို့ဟာ လာမယ့်လ အုပ်စုပွဲစဉ် ၃ မှာထိပ်တိုက်တွေ့ကြမှာပါ။

#Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment