Powered by Blogger.

တားမြစ်ဆေးသုံးစွဲမူကြောင့် လေးနှစ်ပွဲပယ်ခံရဖွယ်ရှိနေတဲ့ စီးရီးအေကလပ် ဘင်နီဗန်တိုအသင်းရဲ့အသင်းခေါင်းဆောင် လူစီယိုနီ



ယခုနှစ်ဘောလုံးရာသီမှာ အီတလီ စီးရီးအေပြိုင်ပွဲသို့ တန်း တက်ကစားခွင့်ရရှိထားသည့် ဘင်နီဗန်တို အသင်း၏ အသင်းခေါင်းဆောင် နောက်ခံလူ ဖေဘီယိုလူစီယိုနီသည် ဆေးစစ်ရာမှာတားမြစ်ဆေးကျရှုံးသဖြင့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ ဖွယ်ရှိနေကြောင်း သိရသည်။

အီတလီတားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီရဲ့  ထုတ်ပြန်ချက်အရ အသက် ၂၉ နှစ်အရွယ်ရှိ လူစီယိုနီသည် စက်တင်ဘာ ၁၀ ရက်က တိုရီနိုအသင်းနှင့် ကစားသည့် စီးရီးအေပွဲစဉ်အပြီး တားမြစ် ဆေး စစ်ဆေးမူပြုလုပ်ခဲ့ရာတွင် ဆေးကျရှုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။

လူစီယိုနီအနေ ဖြင့် တားမြစ်ဆေးသုံးစွဲကြောင်း သက်သေ ထင်ရှားပါက တစ်နှစ်မှ လေးနှစ်အထိ ပွဲပယ် ပြစ်ဒဏ်ကျခံရဖွယ်ရှိကြောင်း အီတလီမီဒီယာများက ဖော်ပြနေတာကိုတွေ့ ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment