အန်ဆယ်လော့တီကို ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ ဘိုင်ယန်မြူနစ်
ဘိုင်ယန်မြူနစ်အသင်းဟာ မနေ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ အဖြစ် ပီအက်စ်ဂျီအသင်းကိုအဝေးကွင်းမှာသွင်းရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ၃:၀ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြ အန်ဆယ်လော့တီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
ဘိုင်ယန်အသင်းဟာယခုနှစ်ဘောလုံးရာသီမှာ ရလဒ်တွေဆိုးဝါးနေပြီးဘွန်ဒက်လီဂါပွဲစဉ်မှာ ဟော့ဖန်ဟိန်းအသင်းကိုရှုံးနိမ့်ခဲ့ကာ ဝုတ်ဘက်အသင်းနဲ့သရေကျခဲ့ပြီးဒေါမွန့်အသင်းရဲ့အမှတ်ပေးဇယားဦးဆောင်မူကိုခံနေရတာဖြစ်ပါတယိ။
ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဂွာဒီယိုလာရဲ့နေရာကိုအစားထိုးခဲ့တဲ့ နည်းပြအန်ဆယ်လော့တီဟာ အသင်းအတွက်ထင်သလောက်အောင်မြင်မူရယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။
အန်ဆယ်လော့တီရဲ့ ဘိုင်ယန်နည်းပြဘ၀ စွမ်းဆောင်ရည် တွေကတော့ ပွဲ ၆၀ကိုင်တွယ်ခဲ့ပြီး ၄၂ပွဲအနိုင်ရရှိအောင်စွမ်းဆောင်ထားခဲ့ပါတယ်။ဆုဖလားသုံးလုံးကိုလည်းရယူနိုင်ခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment