Powered by Blogger.

စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ဘီလီယံထိရှိတဲ့  ဘန်ဇီမာရဲ့ သက်တမ်းတိုးစာချုပ်သစ်




ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှူးပြင်သစ်သား ကရန်းဘန်ဇီမာကို ၂၀၂၁ခုနှစ်အထိရှိနေမယ့် ၄ နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့အတည်ပြုထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အသက် ၂၉နှစ်ရှိတဲ့ဘန်ဇီမာဟာ ၂၀၀၉ခုနှစ်က လိုင်ယွန်အသင်းကနေရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းရွေ့ လာခဲ့ပြီး စပိန်ချန်ပီယံအသင်းအတွက် သွင်းဂိုး ၁၇၀ထိသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘန်ဇီမာရဲ့ ခြေစွမ်းကို မက်ဒရစ်အသင်းပရိတ်သတ်များက သဘောမကျဘဲဝေဖန်မူတွေရှိနေပေမယ့် ရီးရဲလ်အသင်းဘက်ကသူ့ကိုစာချုပ်သစ်ချုပ်လိုက်တာဖြစ်လို့ နည်းပြဇီဒန်းကဆက်လက်ယုံကြည်ထားဆဲဆိုတာပြသလိုက်တာပဲလို့လည်းဆိုကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာဟာ  ဘင်ဇီမာရဲ့စာချုပ်သစ်မှာ ထွက်ခွာကြေးကို ယူရို ၁ ဘီလီယံနီးပါးသတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment