Powered by Blogger.

နေမာရဲ့  ဆုံးဖြတ်ချက်ကို ထောက်ခံပြောကြားခဲ့တဲ့ ပီလီ


ဘရာဇီးဂန္တဝင် တိုက်စစ်မူးဟောင်း ပီလီဟာ နေမာအနေနဲ့ မက်ဆီရဲ့ လှောင်ရိပ် အောက်ကနေ ထွက်ခွာဖို့  ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ ဖို့ဆုံးဖြတ်ခဲ့တာဟာ မှန်ကန်ခဲ့ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။

"ယခုလက်ရှိ ဘရာဇီးရဲ့ အကောင်းဆုံး ကစားသမားဟာ နေမာပါ၊  သူ့အနေနဲ့ အသင်းပြောင်းခဲ့တာဟာ အရမ်းကောင်းတဲ့ အချက်ပါ၊ ဘာဖြစ်လို့လည်း ဆိုတော့ ဘာကာမှာဆိုရင် သူနဲ့ မက်ဆီ ပြိုင်ဆိုင်မှု များနေခဲ့ပါတယ်''

"ဒါဟာ နေမာအတွက် ကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ပြီး ခုဆိုရင် သူဘာတွေ လုပ်နိုင်တယ်ဆိုတာ ပြသနိုင်ပါပြီ၊ နေမာဟာ တကယ်ပဲ အသင်းပြောင်းဖို့ လိုအပ်ခဲ့တာပါ၊ ဒါပေမယ့် တစ်ခါတစ်လေမှာ တာဝန်ယူမှုများရင် ကစားသမားအတွက် အန္တရယ်ရှိနိုင်ပါတယ်'' လို့ ပီလီမှ ဆိုပါတယ်။

ဆက်လက်၍ ပီလီမှ နေမာဟာ အခြား ဘရာဇီး ကစားသမားတွေ ဖြစ်တဲ့ ကာကာ၊ ရော်နယ်ဒို နှင့် ရော်နယ်ဒင်ဟိုကဲ့သို့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု ရယူနိုင်သည့်သူ ဖြစ်ကြောင်းလည်း ချီးကျူးခဲ့ပါသေးတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment