Powered by Blogger.

အန်ဆယ်လော့တီ နေရာမှာအစားထိုးဖို့ ဒေါ့မွန်နည်းပြဟောင်းကို စိတ်ဝင်းစားနေတဲ့ ဘိုင်ယန်မြူးနစ်


ဂျာမဏီကလပ်ဘိုင်ယန်မြူးနစ်အသင်းဟာ ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီအသင်းကို ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ထုတ်ပယ်ခဲ့တဲ့အန်ဆယ်လော့တီ နေရာမှာအစားထိုးဖို့  ဒေါ့မွန်နည်းပြဟောင်းတူချယ်နဲ့ တွေ့ဆုံပြီးဆွေးနွေးမူတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီဟာဘိုင်ယန်အသင်းနဲ့အတူအမှတ်ပေးဖလားတစ်လုံးရယူခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီမှာရလဒ်တွေဆိုးဝါးနေတာကြောင့် ထုတ်ပယ်ခံရတာဖြစ်ပါတယ်။

 ဘိုင်ယန်အသင်းရဲ့ တာဝန်ရှိသူတွေဟာ တူချယ် ကို ဦးစားပေးညိုနှိုင်းနေပြီး တူချယ် ငြင်းပယ် မှသာ အခြားနည်းပြတွေကို ဆက်လက် ရှာဖွေဖို့ရှိတယ်လို့ဖော်ပြသွားခဲ့ပါတယ် ။

သောမတ်တူချယ် ဟာ ယာဂင်ကလော့ ရဲ့ လက်က နေ ဒေါ့မွန် အသင်းကို လွှဲပြောင်းကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒေါ့မွန် နည်းပြ သက်တမ်း ၂ နှစ်အတွင်း ဂျာမန်ပိုကယ် ( ရှုံးထွက် ) ဖလား တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်

Bruce

#sport.thithtoolwin.com

Ref: bbc
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment