Powered by Blogger.

ဥရောပ ဂိုးသွင်းဘုရင်ဆုအတွက်ရေပန်းစားနေတဲ့ ဂျူဗီတိုက်စစ်မူး ဒိုင်ဘာလာ



အီတလီစီရီးအေကလပ် ဂျူဗီတပ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒိုင်ဘာလာကဟာ ယခုနှစ်ဘောလုံးရာသီမှာ ထိပ်တန်းအဆင့်ခြေစွမ်းကောင်းတွေနဲ့ ဂျုဗီတပ်အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးတွေသွင်းယူပြီ စီးရီးအေအမှတ် ပေးဇယားထိပ်ဆုံးမှာရပ်တည်အောင်စွမ်းဆောင်ပေးထားနိုင်တာကိုတွေ့ရပါတယ်။

ဒိုင်ဘာလာဟာ ဂျုဗီတပ်အသင်းရဲ့ စီးရီးအေရာသီအစ ပွဲစဉ် ၆ပွဲမှာ သွင်းဂိုး ၁၀ဂိုးအထိသွင်းယူပေးထားခဲ့ပြီ ဥရောပဂိုးသွင်းဘုရင်ဆုအတွက် အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့အပြိုင်ရေပန်းစားနေခဲ့ တာဖြစ်ပါတယ်။

ဒါအပြင် အီတလီ စီးရီးအေ သမိုင်းမှာ ၁၉၉၄ -၉၅ ခုနှစ်နောက်ပိုင်း ရာသီအစပွဲစဉ်ခြောက်ပွဲ၌ယခုလို သွင်းဂိုးတွေ ရယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့တာကိုတွေ့ရပါတယ်။

ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ဒိုင်ဘာလာဟာ သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဒုတိယနေရာမှာရပ်တည်နေပြီး မိုနာကိုအသင်းရဲ့တိုက်စစ်မူး ဖဲလ်ကာအို က ၇ပွဲ ကစားပြီး သွင်းဂိုး ၁၁ဂိုးဖြင့် ဂိုးသွင်းအများဆုံးကစားသမားဖြင့်ရပ်တည်နေတာကိုတွေ့ရပါတယ်။

ဘာစီလိုနာတိုက်စစ်မူး မက်ဆီက ၉ဂိုး ၊ဒေါ့မွန်တိုက်စစ်မူးအောဘာမီယန်က သွင်း ဂိုး၈ဂိုးဖြင့် အသီးသီးရပ်တည်နေခဲ့တာကိုတွေ့ရပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment