Powered by Blogger.

တိုက်စစ်မူးကော်စတာကို ပြန်လည်ခေါ်ယူဖို့ ချဲလ်ဆီးအသင်းနဲ့သဘောတူညီမူရရှိခဲ့ပြီဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်






ချဲလ်ဆီးအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဒီယေဂိုကော်စတာကို အက်သလက်တီကိုမက်ဒရစ်အသင်းဟာသူတို့ရဲ့တိုက်စစ်မှူးဟောင်းဖြစ်သူကို ပြန်လည်ခေါ်ယူဖိုချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးခဲ့ပြီးပေါင် ၅၃ သန်းနဲ့ခေါ်ဖို့သဘောတူညီမူရရှိခဲ့တယ်လို့ သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မူးကိုဆေးစစ်မူပြုလုပ်ပြီးလာမယ့် အပါတ်ထဲမှာကော်စတာကိုအသင်းနဲ့တရားဝင်မိတ်ဆတ်မူပြုလုပ်မယ်လို့ သိရပါတယ်။အေတီကိုအသင်းရဲ့ ဖီဖာကချမှတ်ခဲ့တဲ့ အပြောင်းအရွေ့ ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ကြောင့် ကော်စတာဟာဇန်န၀ါရီလလောက်မှအက်သလက်တီကိုအသင်းနဲ့ပွဲထွက်ကစားရမယ်လို့သိရပါတယ်။

ကော်စတာဟာချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၂၀ထိကစားပေးခဲ့ပြီး ၅၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပရီးမီးယာလိဂ်ဖလားနှစ်လုံးနဲ့ လိဂ်ဖလားတစ်လုံးရယူပေးနိုင်ခဲ့ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment