Powered by Blogger.

လာလီဂါအနီကဒ် စံချိန်တင်သွားတဲ့ ရာမို့စ်


ဒီပို့တီဗို အသင်းကို အနိုင်ရခဲ့တဲ့  စပိန်လာလီဂါ ပွဲစဉ်မှာ အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အခုလို ထုတ်ပယ်ခံရတာ သူ့အတွက် ၁၈ ကြိမ်မြောက် ထုတ်ပယ်ခံရတာ ဖြစ်တယ်လို့  သိရပါတယ်။ သူဟာ ပြိုင်ဘက် အသင်း ကစားသမား ဖြစ်သူ ဘိုဂျာဗယ်လီကို ဥပဒေပ ကစားခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ စပိန်လာလီဂါ သမိုင်းမှာ အနီကဒ် အများဆုံး ပူးတွဲ ကစားသမား တစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပို့တီဗို အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်း အတွက် ဂိုးတွေကို ဂါရတ်ဘေးလ်၊ ကတ်ဆီမီယိုနဲ့ တိုနီခရူးစ်တို့က သွင်းယူခဲ့ပါတယ်။

 အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ပွဲပယ်ခံထားရလို့ အသင်း အတွက် ပါဝင် ကစားထားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အသက် ၃၁ နှစ် အရွယ်ရှိ ရာမို့စ်ဟာ ဘာစီလိုနာနှင့် ဆီဗီလာ နောက်ခံလူဟောင်း ပတ်ဘလိုအယ်လ်ဖာရိုနဲ့ ဇာရာဂိုဇာ အသင်း ကစားသမားဟောင်း ဇာဗီ အက်ဂွာဒိုတို့နဲ့ အတူ စပိန်လာလီဂါ သမိုင်းမှာ အနီကဒ် အများဆုံး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment