Powered by Blogger.

ရီးရဲလ်မက်ဒရစ်အသင်းနဲ့  သုံးနှစ်စာချုပ် ချုပ်ဆိုတော့မယ့် ဇီဒန်း




ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းကို ၃ နှစ်စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမူရရှိခဲ့ပြီလို့သိရပါတယ်။ဇီဒန်းကတော့ စာချုပ်သစ်ဟာသူ့အတွက်သိပ်ပြီးအရေးမပါကြောင်း၊ အနာဂတ်ကိုအာမခံနိုင်တာက ကွင်းအတွင်းရလဒ်တွေသာဖြစ်ကြောင်း၊ အဓိကအကျဆုံးကတော့ ရီးရဲလ်နဲ့လမ်းခွဲခဲ့ရမယ်ဆိုရင်သူတို့ကြားမှာအငြင်းပွားစရာမရှိဖို့သာဖြစ်ကြောင်း၊အခုလိုမျိုးကလပ်နဲ့ဆက်ဆံရေးကောင်းထားရှိနိုင်တဲ့အပေါ်ကျေနပ်မိကြောင်းပြောကြားသွားခဲ့ပါတယ်။

စာချုပ်သစ်အရ ဇီဒန်းဟာရီးရဲလ်မှာလက်ရှိရနေတဲ့လစာရဲ့ ၂ ဆနီးပါးဖြစ်တဲ့တစ်နှစ်ကိုပေါင် ၇.၃သန်းရရှိမှာဖြစ်ပါတယ်။

၂၀၁၆ခုနှစ် ဇန်န၀ါရီလကနေ ရီးရဲလ်ကိုစတင်တာဝန်ယူခဲ့တဲ့ ဇီဒန်းဟာ ၁၉လအတွင်းဆုဖလား ၆လုံးအထိရယူပေးထားတဲ့သူဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment