Powered by Blogger.

မန်စီးတီအသင်းနဲ့ သရေရလဒ်ကို စိတ်ပျက်နေတဲ့ အဲဗာတန်နည်းပြရော်နယ်ကိုးလ်မန်း



အဲဗာတန်အသင်း နည်းပြ ရော်နယ်ကိုးလ်မန်းက ၎င်းအနေနဲ့ မန်စီးတီး အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ အဝေးကွင်း ပွဲစဉ်က အသင်း ရလဒ်အတွက်ကို စိတ်ပျက်မိတယ်လို့ပြောဆိုခဲ့ပါတယ်။ မန်စီးတီး အသင်း နောက်ခံလူ ကိုင်လီဝေါ်ကာရဲ့ အနီကဒ်ပြ ထုတ်ပယ်ခံရခြင်းနဲ့ အတူ အဲဗာတန် တိုက်စစ်မှူး ရွန်းနေက သူ့အတွက် ပရီးမီးယားလိဂ် ဂိုး ၂၀၀ ပြည့် သွင်းဂိုးကို သွင်းယူကာ အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် လည်း ဒုတိယပိုင်းမှာမိနစ်၈၀လောက်မှာ မန်စီးတီး အသင်းက စတာလင်းရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

အဲဗာတန် အသင်း အနေနဲ့လည်း ကွင်းလယ်လူ ရှနိုက်ဒါလင်းပါ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒီလို ပွဲစဉ်မှာ အသင်း အနေနဲ့ အမှတ်ပြည့် ရသင့်ပါတယ်။ မန်စီးတီး ကလည်း ကစားသမား တစ်ဦးလျော့ ကစားနေရတာတောင် အကောင်းဆုံး လုပ်ပြသွားခဲ့ပါတယ်။
ကျွန်တော်တို့ ကတော့ ဘောလုံး ထိန်းချုပ်မှု အပိုင်းမှာ ပြဿနာ ရှိနေခဲ့ပါတယ်။ ပထမပိုင်းမှာ နည်းစနစ်ပိုင်း အရမ်းကို ကောင်းခဲ့ပါတယ်။ အဝေးကွင်းမှာ သရေ တစ်မှတ် ရခဲ့တာကတော့ ကျေနပ်ရမယ့် အနေအထားပါလို့ နည်းပြ ရော်နယ်ကိုးလ်မန်းက ဆိုပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment