Powered by Blogger.

အသင်းနဲ့  လေ့ကျင့်ခန်းပြန်လည်ဆင်းနေပြီဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူ ရိုဂျို




ဒဏ်ရာပြသနာကြောင့် ကာလရှည်အနားယူရနေသည့် မန်ယူအသင်းရဲ့ နောက်ခံကစားသမား အာဂျင်တီးနားကစားသမား မားကိုစ့်ရိုဂျိုသည် အသင်း၏လေ့ကျင့်ရေးကွင်းသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရသည်။ ရိုဂျိုသည် ပြီးခဲ့သည့် ဧပြီလကတည်းက အန်ဒါလက်ခ်ျ အသင်းနှင့်တွေ့ခဲ့သည် ယူရိုပါလိဒ်ပွဲကတည်းက ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုက ရိုဂျိုဟာ လာမည့်ဒီဇင်ဘာလအထိ ကစားနိုင်ဖွယ် မရှိလောက်ဟု ပြောဆိုထားခဲ့ဖူးသော်လည်း အာဂျင်သားမှာ လျှင်လျှင်မြန်မြန်ပြန်လည် ကောင်းမွန်လာခဲ့ခြင်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပါတ် ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment