Powered by Blogger.

ဒဏ်ရာပြသနာကင်းစင်ပြီး အသင်းနဲ့ ပထမဆုံးလေ့ကျင့်ရေးဆင်းနေပြီဖြစ်တဲ့ မန်စီးတီးနောက်ခံလူသစ် ဘင်ဂျမင်မန်ဒီ





မိုနာကိုအသင်းကနေ ပေါင်၅၂သန်းနဲ့ ခေါ်ယူထားတဲ့ မန်စီးတီးအသင်းရဲ့ နောက်ခံလူသစ် ဘင်ဂျမင်မန်ဒီဟာကလပ်အသင်းနဲ့ ပထမဦးဆုံးလေ့ကျင့်ရေးဆင်းနေပြီ ဖြစ်တယ်လို့သိရပါတယ်။
မန်ဒီဟာ ပေါင်ကြွက်သားဒဏ်ရာပြသာနာကြောင့်မန်စီးအသင်းရဲ့ ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်ကိုလွဲချော်
ဖြစ်ပါတယ်။

မန်စီးတီနည်းပြ ပက်ဂွာဒီယိုလာကတော့မန်ဒီကို သြဂုတ်လ ၂၂ရက်နေ့မှာကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယာလိဂ်ပွဲစဉ်မှာ ဘင်ဂျမင်မန်ဒီကိုအသင်းနဲ့ ပထမဦးဆုံပွဲထွက်ကစားခွင့်ပေးဖွယ်ရှိနေတယ်လို့သိရပါတယ်။

မန်ဒီဟာပြီးခဲ့တဲ့ရာသီတုန်းက မိုနာကိုအသင်းနဲ့အတူလီဂူးအမှတ်ပေးဖလားရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာဆီးမီးဖိုင်နယ်အထိရောက်အောင်စွမ်းဆောင်နိုင်
ခဲ့တာဖြစ်ပါတယ်။

မိုနာကိုအသင်းရဲ့ နောက်တန်းမှာအကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်ဥရောပအသင်းကြီးတော်တော်များများက မန်ဒီရဲ့ ခြေစွမ်းကိုသဘောကျခဲ့ပြီခေါ်ယူရန်ကြိုးစားခဲ့ကာ မန်းစီးတီးအသင်းက ပေါင် ၅၂သန်းဖြင့်လက်ဦးမူရယူခဲ့တာဖြစ်ပါတယ်။

ဘင်ဂျမင်မန်ဒီဟာမန်စီးတီးအသင်းနဲ့ ရာသီကြိုပွဲစဉ်တွေမှာလည်းဒဏ်ရာပြသနာကြောင့် ပွဲ ကစားခွင့်မရရှိသေးဘဲ ပြီးခဲ့တဲ့စနေနေ့က ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ကိုလွဲချော်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာပါဝင်ကစားခွင့်ရရှိဖို့ မျော်လင့်နေတယ်လို့သိရပါတယ်။


Mocha

#sport.thithtoolwin.com

Ref: daily mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment