လာလီဂါသွင်းဂိုး ၃၅၀ပြည့်သွားပြီဖြစ်တဲ့ မက်ဆီ
ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆီဟာ အလာဗက်စ်ကို ၂-၀ နဲ့နိုင်တဲ့ပွဲမှာလာလီဂါ ဂိုး ၃၅၀ပြည့်ကိုသွင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ပထမပိုင်းမှာ ပင်နယ်တီကိုသူကန်သွင်းခဲ့သေးပေမယ့် အလာဗက်စ်ဂိုးသမားကကာကွယ်နိုင်ခဲ့တာပါ။
ဒါပေမယ့်မက်ဆီဟာဒုတိယပိုင်းမှာတော့ ၂ ဂိုးစလုံးသွင်းယူနိုင်ခဲ့တဲ့အတွက်၃၅၀မြောက်နဲ့ ၃၅၁ ဂိုးမြောက်ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်။
မက်ဆီဟာ ၃၅၁ ဂိုးပြည့်ဖို့အတွက် ၃၈၄ ပွဲကစားခဲ့ရသူဖြစ်ပြီး စီရော်နယ်ဒိုကတော့ လာလီဂါ ၂၆၅ ပွဲမှာ ၂၈၅ ဂိုးသွင်းနိုင်ခဲ့တာပါ။မက်ဆီကသွင်းဂိုးပိုများပေမယ့် ပွဲအရေအတွက်နဲ့ဂိုးသွင်းနူန်းအချိုးချရင် စီရော်နယ်ဒိုကအများကြီးသာလွန်နေတာပါ။
Mocha
#sport.thithtoolwin.com
Ref: goal
0 comments :
Post a Comment