အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပရီးမီးယားလိဂ်မှာ လာမယ့် ၁၀နှစ်ကနေ ၁၅ နှစ်အတွင်းအမျိုးသမီးနည်းပြတွေထွက်ပေါ်လာစေချင်တယ်လို့ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့ရာသီကုန်ချိန်က အာဆင်နယ်နဲ့ ၂ နှစ်စာချုပ်သစ်လက်မှတ်ထိုးလိုက်တဲ့ ၀င်းဂါးက အမျိုးသမီးနည်းပြတွေထွက်ပေါ်လာခြင်းအားဖြင့် ကလပ်တွေသွားနေတဲ့လမ်းကြောင်းပုံစံတွေလည်းပြောင်းလဲသွားနိုင်တယ်လို့ဆိုခဲ့ပါတယ်။
အမျိုးသမီးနည်းပြတွေဟာ ဘောလုံးကျွမ်းကျင်သူတွေဖြစ်စရာမလိုကြောင်း သူတို့ဟာ အသင်းတစ်ခုကို သိပံပညာရှင်တွေလိုပုံစံမျိုး စီမံခန့်ခွဲနိုင်ဖို့သာလိုကြောင်း၊ဒီကနေ့အချိန်အခါကိုကြည့်ရင်လည်း ဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို နည်းပညာအပေါ်မူတည်ပြီး ဆုံးဖြတ်နေတာအများအပြားရှိကြောင်းပြောကြားသွားခဲ့ပါတယ်။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment