Powered by Blogger.

ဝေဖန်မူတွေကြုံတွေ့ နေရတဲ့ ဘေးလ်နဲ့ဘန်ဇီမာတို့ဘက်မှ ကာကွယ်ပြောကြားလိုက်တဲ့ နည်းပြဇီဒန်း



ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းက ဗလင်စီယာနဲ့ပွဲမှာခြေစွမ်းမပြနိုင်ခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့ဘန်ဇီမာတို့ကို ပရိသတ်တွေကလှောင်ပြောင်ခဲ့ကြပေမယ့် ပွဲအပြီးမှာကာကွယ်ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ ဘေးလ်ဟာ အဆန်စီရိုလောက်တောင်ခြေစွမ်းမပြနိုင်ခဲ့သလို ဘင်ဇ်ီမာကလည်း ပထမပိုင်းမှာရောဒုတိယပိုင်းမှာပါ အနီးကပ်အပိုင်အခွင့်အရေးတွေကိုလွဲချော်ခဲ့တာပါ။

ဒါကြောင့် ဘေးလ်ကိုလူစားလဲချိန်မှာပရိသတ်တွေကလှောင်ပြောင်ခဲ့ကြသလို ဘန်ဇီမာကိုလည်းအလားတူပြုမှုခဲ့ကြပါတယ်။ဒါပေမယ့်လည်းဇီဒန်းက ဘေးလ်ဟာအသင်းမှာရှိတဲ့သူတွေနည်းတူ သူတို့အတွက်အရေးပါတဲ့သူဖြစ်သလို ဘန်ဇီမာဂိုးပေါက်လွဲမှုဟာလည်းဘောလုံးမှာဖြစ်လေ့ဖြစ်ထရှိလို့ သူ့ဘက်ကဘာမှမစိုးရိမ်ဘူးလို့ပြောသွားပါတယ်။ဒီပွဲမှာ ရီးရဲလ်အတွက် ၂ ဂိုးစလုံးကို အဆန်စီရိုကသွင်းပေးခဲ့တာဖြစ်ပြီးသရေရလဒ်ထွက်ပေါ်သွားခဲ့ပါတယ်။

Brucee

#sport.thithtoolwin.com

Ref: goal
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment