Powered by Blogger.

အာဆင်နယ်ပရိတ်သတ် ဖြစ်တဲ့ရူဒီဂါ




ရိုးမားအသင်းရဲ့ ဂျာမနီ​နောက်​ခံလူ ရူဒီဂါမှ ချဲလ်​ဆီးအသင်းသို့ ​ပေါင်​ 36 သန်းဖြင့်​ရောက်​ရှိလာ​တော့မှာ ဖြစ်​​ပေမယ့်​ ၎င်းဟာ အာဆင်​နယ်​ပရိတ်​သတ်​ တစ်​ဦးဖြစ်​တယ်​လို့ ဝန်​ခံ​ပြောကြားလိုက်​ပါတယ်​။

"ကျွန်​​တော်​ဟာ အာဆင်​နယ်​အသင်းကို ဟင်​နရီတို့ဘားကမ့်​တို့ ​ခေတ်​ကတည်းက အား​ပေးလာတာပါ။ အာဆင်​နယ်​အသင်းရဲ့ ကစားပုံ​တွေကို youtube က​နေအမြဲကြည့်​ဖြစ်​ပါတယ်​။ တစ်​ခါတစ်​​လေမှာလည်း လက်​ရှိကစား​နေတဲ့ဆန်းချက်​ရဲ့ ဂျာစီဝတ်​ဖြစ်​ပါတယ်​။ ပရီးမီးယားလိဂ်​မှာ ကစားရဖို့က​တော့ ကျွန်​​တော့်​ရဲ့ အိပ်​မက်​ပါ'' လို့ ရူဒီဂါမှ ဆိုပါတယ်​။

သတင်းများအရ ရူဒီဂါဟာ လက်​ရှိ အားလပ်​ရက်​အဖြစ်​ USA ၌အနားယူ​နေစဉ်​ ချယ်​ဆီးအသင်းနှင့်​ ​ဆေးစစ်​ခဲ့ပြီး ဖြစ်​ပြီး ငါးနှစ်​စာချုပ်​နှင့်​ မကြာခင်​ လန်​ဒန်​သို့ ​ရောက်​လာ​တော့မှာ​ဖြစ်​ပါတယ်​။

Mocha

#sport.thithtoolwin.com

 Ref: daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment