မိုရာတာကို ပေါင်သန်း၇၀ ဖြင့်ကမ်းလှမ်းလိုက်တဲ့ချဲလ်ဆီးအသင်း
ပရီးမီးယာလိဂ်ချန်ပီယံချဲလ်ဆီးအသင်းအဓိကပစ်မှတ်ထားခဲ့တဲ့အဲဗာတန်တိုက်စစ်မူးလူကာကူကို မန်ယူအသင်းရဲ့ ကြားဖြတ်ခေါ်ယူခြင်းခံရပြီးနောက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မူး မိုရာတာကိုပြောင်းရွေ့ ကြေး ပေါင်သန်း၇၀ ဖြင့်ကမ်းလှမ်းထားတယ်လို့ စပိန်အခြေစိုက် သတင်းစာများကဖော်ပြထားတာကိုတွေ့ရပါတယ် ။
စပိန်အခြေစိုက် AS သတင်းစာရဲ့ ဖော်ပြချက်အရချဲလ်ဆီးအသင်းနည်းပြ ကွန်တီဟာရီးရဲလ်တိုက်စစ်မူး မိုရာတာနဲ့ ဂျုဗီတပ်အသင်းမှာလက်တွဲခဲ့ဖူးပြီ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစဉ်အားလုံးမှာ သွင်းဂိုး၂၀ သွင်းယူပြီးရီးရဲလ်အသင်းကို ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ တပည့် ဟောင်းရဲ့ ခြေစွမ်းကို အလွန်သဘောကျလျက်ရှိနေပြီးပြောင်းရွှေ့ ကြေးအမြောက်အများနဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။
ရီးရဲလ်တိုက်စစ်မူး မိုရာတာဟာနည်းပြဇီဒန်းရဲ့ လက်အောက်မှာကရန်းဘန်ဇီမှာရဲ့ အရန်ကစားသမားအဖြစ်သာပွဲထွက်ကစားနေရခြင်းကိုမပျှော်ရွှင်ဘဲ အသင်းကနေထွက်ခွာလိုနေတယ်လို့ သိရပါတယ် ။
Mocha
#sport.thithtoolwin.com
Ref: daily mail
0 comments :
Post a Comment