Powered by Blogger.

ခြေကျင်းဝတ်အရိုးကျိုးဒဏ်ရာကြောင့် လာမယ့်ဘောလုံးရာသီအစကို ဟာဇတ်လွဲချော်ဖွယ်ရှိ


ဘယ်လ်ဂျီယံအသင်းရဲ့ လက်ရွေးစင်ကစားသမားအီဒင်ဟာဇတ်ဟာ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံအသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ချဲယ်လ်ဆီးစတားဟာ အဆိုပါဒဏ်ရာကြောင့် အနည်းဆုံး ၈ပတ်အထိအနားယူရဖွယ်ရှိနေပြီးပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်တွေကိုလည်း လွဲချော်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့်ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ လာမယ့်နိုင်ငံတကာပွဲတွေဖြစ်ကြတဲ့ ချက်အသင်းနဲ့ခြေစမ်းပွဲ အက်စတိုးနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

လတ်တလော ထွက်ရှိနေတဲ့သတင်းတွေအရ အီဒင်ဟာဇတ်ကို ရီယဲလ်မတ်ဒရစ်အသင်းက ပေါင်သန်း ၁၀၀ အထိအသုံးပြုပြီးခေါ်ယူဖွယ်ရှိတယ်လို့ သိရပါတယ်။

ချဲလ်ဆီးစတားဟာ အပြောင်းအရွှေနဲ့ ပါတ်သတ်ပြီး " ကျနော်တို့အားလုံးမှာ အိပ်မက်ကိုယ်စီရှိပြီးသားပါ။ အပွင့်လင်းဆုံးပြောရရင် နွေရာသီမှာ ဘယ်လိုကမ်းလှမ်းမှုတွေ ရောက်လာမလဲဆိုတာ ကျနော် မသိပါဘူး။ ကျနော်သိထားတာက ချယ်လ်ဆီးနဲ့ ၃ နှစ်စာချုပ်ကျန်သေးတယ် ဆိုတာပါပဲ။ တကယ်လို့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်လာမယ်ဆိုရင်တော့ သေချာပေါက် စဉ်းစားသွားမှာပါ" လို့ သတင်းထောက်များနဲ့ တွေ့ ဆုံခိုက်မှာပြောကြားသွားခဲ့ ပါတယ်။

ဟာဇတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ တနှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးထားနိုင်ခဲ့ပြီး အသင်းကြီးတော်တော်များများကလည်း ဟာဇတ်ရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမူတွေပြုလုပ်ထားတယ်လို့ လည်းသိရပါတယ်။

Mocha

#sport.thithtoolwin.com

 Ref: Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment