Powered by Blogger.

ဘယ်လာရင်ကို ခေါ်ယူဖို့ အတွက် ရာဖင်ဟာကိုပါ အလိုက်ပေးကမ်းလှမ်းမယ့် ဘာစီလိုနာ အသင်း




ဘာစီလိုနာ အသင်းဟာ အာဆင်နယ် အသင်းမှာ ကစားနေတဲ့ ၎င်းတို့ နောက်ခံလူဟောင်း ဘယ်လာရင်ကို ပြန်လည် ခေါ်ယူဖို့ အတွက် အသင်းရဲ့ ကစားသမား ဖြစ်တဲ့ ရာဖင်ဟာကိုပါ အလိုက်ပေးဖို့ ကြိုးစားနေတယ်လို့  သိရပါတယ်။

ဘရာဇီး ကွင်းလယ်လူ ရာဖင်ဟာဟာ ပုံမှန် ပွဲထွက်ခွင့် အတွက် မျှော်လင့်နေပြီး ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖို့ အတွက် စိတ်ဝင်စား နေတာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကလည်း ရာဖင်ဟာကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ဖူး ကြောင်းလည်း သိရပါတယ်။

 အဆိုပါ ကစားသမား ဖြစ်သူဟာ တန်ကြေး ပေါင် ၂၆ သန်းသာ ရှိတဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ရာဖင်ဟာဟာ  ဘာစီလိုနာအသင်းရဲ့  အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီမှာ လာလီဂါ ၁၄ ပွဲနှင့် ချန်ပီယံလိဂ် တစ်ပွဲပွဲထွက်ကစားခွင့် ရခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment