Powered by Blogger.

အမ္ဘက္ပီ ၁၄ နှစ်သားတည်းက ခေါ်ယူဖို့မျက်စိကျခဲ့တဲ့ ရီးရဲလ်မက်ဒရစ်




မိုနာကိုစတား ကိုင်​လီယန်​အမ်​ဘက်​ပီက ရီးရဲယ်​မက်​ဒရစ်​အသင်းဟာ ၎င်းအသက်​၁၄နှစ်​အရွယ်
ကတည်းက ​ခေါ်ယူဖို့ကြိုးစား​နေတာဖြစ်​တယ်​လို့​ပြောလိုက်​ပါတယ်​။

မိုနာကိုနဲ့၂၀၁၉ထိစာချုပ်​သက်​တမ်းရှိ​နေတဲ့ အသက်​၁၈နှစ်​အရွယ်​အမ်​ဘက်​ပီဟာ ပြီးခဲ့တဲ့​ဘောလုံးရာသီကလီဂူးဝမ်းဖလားရရှိခဲ့တဲ့ မိုနာကိုအတွက် ​ပြိုင်​ပွဲစုံ၂၆ဂိုးထိသွင်းယူကာ ​ခြေစွမ်းပြကစားခဲ့ပြီိး ၎င်းကို​ခေါ်ယူဖို့ကြိုးစား​နေတဲ့အသင်း​တွေထဲမှာ ရီးရဲယ်​မက်​ဒရစ်​အသင်းလည်း အပါအဝင်​ဖြစ်​ပါတယ်​။

မ​နေ့ညကပြင်​သစ်​က အင်္ဂလန်​ကို၃ဂိုး၂ဂိုးနဲ့ အနိုင်​ယူခဲ့တဲ့​ခြေစမ်းပွဲပြီး​နောက်​ အမ်​ဘက်​ပီက "အခုမိသားစုနဲ့အတူ အပန်း​ဖြေခရီးထွက်​​တော့မှာဖြစ်​ပြီး ဘာ​တွေဆက်​ဖြစ်​ချင်​လဲဆိုတာ စဉ်းစားသွားမှာပါ။

အ​ပြောင်းအ​ရွေ့ကိစ္စ​တွေနဲ့ ပက်​သက်​ပြီး ကိုယ်​တိုင်​သာမကကလပ်​အသင်းနဲ့လည်း ​ဖြေရှင်းသွားရမှာပါ။ ဘာလို့လဲဆို​တော့ ကျွန်​​တော်​ဟာမိုနာကိုနဲ့ စာချုပ်​ရှိ​နေပြီးလွတ်​လပ်​တဲ့သူမဟုတ်​ပါဘူး"လို့ ပြောဆိုသွားခဲ့ ပါတယ်။

Mocha

#sport.thithtoolwin.com

Ref:Daily mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment