Powered by Blogger.

ဒီဘားလားကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်


လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ ဂျူဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူးဖြစ်သူ ဒီဘားလားဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ အနာဂတ်မရေရာဖြစ်နေတဲ့ တိုက်စစ်မှူး မိုရာတာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဒီဘားလားကို ခေါ်ယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဘားလားကိုခေါ်ယူဖို့အတွက် သဘောတူညီမှုရထားပြီလို့လည်း သတင်းတွေထွက်လျက်ရှိနေပါတယ်။ တူရင်ကလပ် ဂျူဗင်တပ်စ်မှာ ၂၀၂၀ အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်ပေမယ့်လည်း ရီးရဲလ်ဥက္ကဌ ဖလော်ရင်တီနိုပီရက်ဇ်ကတော့ ဒါတွေကို သိပ်ဂရုစိုက်မယ့်ပုံမပေါ်ပါဘူး။ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ စပိန်မြေကို အရောက်ခေါ်လာဖွယ်ရှိနေပါတယ်။

ဒီဘားလားဟာ ဒီရာသီမှာတော့ စီးရီးအေ ပွဲစဉ် ၁၀ ပွဲသာကစားရသေးပြီး သုံးဂိုးသွင်းယူထားနိုင်ပါတယ်။ ချန်ပီယံလိဂ်မှာလည်း ဂိုးတွေသွင်းယူပေးလျက်ရှိနေပါတယ်။ ဒီဘားလားရဲ့ တန်ကြေးကတော့ ယူရိုသန်း ၄၀ ကျော်ရှိနိုင်တယ်လို့လည်း သိရပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : Goal

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment