Powered by Blogger.

ရီးရဲလ်ရဲ့ ပွဲ ၄၀ ဆက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပြီး လာလီဂါဒုတိယနေရာကိုတက်လှမ်းလာတဲ့ ဆီဗီလာ



ဆီဗီလာအသင်းအိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်အသင်းက ဆီဗီလာအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ကာဗာဟယ်လ်ကြောင့် ရတဲ့ ပင်နယ်တီကို ရော်နယ်လ်ဒိုတစ်ယောက် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ပြန်ပေးလိုက်ရတဲ့ ဂိုးတွေကြောင့် ရီးရဲလ်တို့ လာလီဂါမှာ အမှတ်ဖြတ်ဦးဆောင်နိုင်ဖို့ လမ်းမမြင်ဖြစ်သွားခဲ့တာပါ။

 ၈၅ မိနစ်မှာ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ် ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် တစ်ဂိုးစီသရေဖြစ်သွားခဲ့ပြီး အချိန်ပိုအရောက်မှာတော့ ဆီဗီလာအသင်းကို မကြာသေးခင်ကမှ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဂျိုဗီတစ်က နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် April လ နောက်ပိုင်း ရီးရဲလ်အတွက် ပထမဆုံးရှုံးပွဲဖြစ်သွားခဲ့ပြီး ဆီဗီလာကတော့ ဘာကာကို ကျော်ဖြတ်ပြီး ဒုတိယနေရာကို ရောက်ရှိလာခဲ့ပါတယ်။

ဒီပွဲမှာတော့ နှစ်ဖက်စလုံး ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း တော်တော်များများရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းလုံး ဂိုးကံခေနေတာကြောင့် ဂိုးများများတော့ မမြင်ခဲ့ရပါဘူး။ ဘန်ဇီမာရဲ့ အနီးကပ်ကန်ချက်ကလည်း ဘားကျော်သွားခဲ့သလလို ရော်နယ်လ်ဒိုရဲ့ ကန်ချက်တွေကလည်း မထိရောက်ခဲ့ပါဘူး။

ရီးရဲဠ်အသင်းကတော့ ငါးနှစ်အတွင်းမှာ ပထမဆုံး လာလီဂါချန်ပီယံဆုကို ပြန်ရယူဖို့အတွက်တာဆူနေပြီး အခုလို အရှုံးကြောင့် အမှတ်ဖြတ်နိုင်မယ့် အခွင့်ကောင်းတွေ လက်လွှတ်လိုက်ရပါတယ်။


ဆီဗီလာကတော့ သူတို့ရဲ့ လာလီဂါအကောင်းဆုံး ပုံစံတစ်ခုကို ပြသလျက်ရှိပြီး ဘာကာ ၊ ရီးရဲလ်တို့နဲ့အပြိုင် ချန်ပီယံလမ်းကြောင်းကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

( Mocha )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : BBC


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment