Powered by Blogger.

ဘာစီလိုနာ ဂိုးပြတ်သိပ်ပြီး ဂန်းနားတို့ ပဲရစ်သားတွေနဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်များ


မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွေမှာတော့ ခြေစွမ်းကျဆင်းနေတယ်လို့ ဝေဖန်ခံနေရတဲ့ ဘာစီလိုနာအသင်းက စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်ကို ခုနစ်ဂိုးပြတ်နဲ့ ချွေးသိပ်ခဲ့ပြီး အာဆင်နယ်အသင်းကတော့ ပဲရစ်မြေမှာ ပီအက်စ်ဂျီအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။


ဒဏ်ရာနာကျင်မှုရှိနေတယ်ဆိုတဲ့ မက်ဆီပါဝင်လာခဲ့ပြီး လူးဝစ်အန်းနရစ်ရဲ့ ဘာကာဟာ ကမ္ဘာ့အကောင်းဆုံး အချိတ်အဆက်တွေနဲ့ ဆဲလ်တစ်ကို တစ်ဖက်သတ်ကစားခဲ့တာပါ။ မက်ဆီနဲ့ နေမာတို့ရဲ့ တွဲလုံးတွေကတော့ ပရိသတ်မျက်စိထဲက မထွက်နိုင်အောင်ကို ဂန္တဝင်ဆန်ဆန်ကစားပြခဲ့တာပါ။


 နေမာဟာ ဒီပွဲမှာ လေးဂိုးအထိ ဖန်တီးနိုင်ခဲ့ပြီး မက်ဆီက ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာပါ။နောက်ထပ်ဂိုးတွေကိုတော့ နေမာ ၊ အင်နီယေစတာနဲ့ ဆွာရက်ဇ်က နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။


ပွဲအစ သုံးမိနစ်မှာတင်မက်ဆီက အဖွင့်ဂိုးကို အနီးကပ်အပြင်းကန်သွင်းယူခဲ့ပြီး ဘာစီလိုနာကို ဦးဆောင်စေခဲ့ပါတယ်။


ဘာကာတို့ အဖွင့်ဂိုးရပြီး မိနစ်ပိုင်းအကြာမှာ ပင်နယ်တီပြန်ပေးခဲ့ရပေမယ့်လည်း ဆဲလ်တစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မူဆာဒမ်ဘီလီဝင်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းမှာ ပိုမိုသာလွန်သွားပြီး ဂိုးတွေကို စက်သေနတ်ပစ်သလို သွင်းယူသွားခဲ့တာပါ။ ဂိုးအားလုံးကတော့ အဆင့်မီဂိုးတွေပဲဖြစ်ပြီး ဒီလိုပုံစံနဲ့သာဆိုရင်တော့ ဒီနှစ်ချန်ပီယံလိဂ်ဆုဖလားကို ဘာကာစိန်ခေါ်နိုင်စွမ်းရှိနေမှာပါ။


နောက်တစ်ပွဲမှာတော့ နာမည်ကြီး အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ပြင်သစ်နာမည်ကျော်ကလပ် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။



အာဆင်နယ်အသင်းကတော့ ပွဲအစ စက္ကန့်လေးဆယ်မှာပဲ နောက်တန်းအငိုက်မိနေတဲ့ အနေအထားကနေ ဂိုးပေးခဲ့ရပါတယ်။ ညာတောင်ပံက အော်ရီယာရဲ့ ဖြတ်တင်ဘောကို ကာဗာနီက ခေါင်းတိုက်ပြီး ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့်လည်း မသွင်းယူနိုင်ခဲ့ပါဘူး။ မိနစ် ၈၀ အရောက်မှာတော့ အာဆင်နယ်အသင်းက အချိတ်အဆက်မိမိတိုက်စစ်ဆင်လာခဲ့ပြီး အိုဇေးလ်ရဲ့ ဖြတ်တင်ဘောကို အီဝိုဘီကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးသမားပုတ်ထုတ်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဆန်းချက်ဇ်က သေသေသပ်သပ်ကန်သွင်းယူခဲ့တာကြောင့် တစ်ဂိုးစီသရေကျသွားခဲ့တာပါ။



( Beauty Syh )

#sports.thithtoolwin.com
#သစ်ထူးလွင်(အားကစား)

Ref : DailyMail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment