မန်ယူအသင်းက ဆာအူးလ်နီဂွက်ဇ်ကို ပေါင် ၅၄ သန်း ဖြင့်ကမ်းလှမ်းမည်
နည်းပြ မော်ရင်ဟိုက နည်းပြသစ်အဖြစ် ကိုင်တွယ်သွားဖို့ သေချာသလောက်ရှိနေတဲ့ မန်ယူအသင်းဟာ ပထမဆုံး ကစားသမား အပြောင်းအရွှေ့အတွက် အက်သလက်တီကို ကွင်းလယ်ကစားသမား Saul Niguez (ဆာအူးလ်နီဂွက်ဇ်)ကို ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းမှာ ကစားလျက်ရှိနေတဲ့ ကစားသမားတွေကို အပြောင်းအလဲပေါင်းများစွာ ပြုလုပ်သွားဖွယ်ရှိနေပြီး မန်ယူကွင်းလယ်ကစားသမား မာတာကတော့ ထိပ်ဆုံးကနေ အလေးပေးခံနေရပါတယ်။
အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်ကစားသမား ဆာအူးလ်နီဂွက်ဇ်ကတော့ ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ သွင်းယူခဲ့တဲ့ တစ်ကိုယ်တော်သွင်းဂိုးကြောင့် နာမည်ကျော်ခဲ့ပြီး စပိန်ရဲ့ အလားအလာအကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆာအူးလ်ဟာ မန်ယူ အသင်းက အသည်းအသန် ချဉ်းကပ်ခဲ့တဲ့ ဘင်ဖီကာကွင်းလယ်လူ ရီနတိုဆန်းချက်စ်လိုမျိုး ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ DailyMail က ဖော်ပြထားပါတယ်။
ဆာအူးလ်ဟာ စပိန်လာလီဂါမှာ နှစ်ရာသီကြာကစားခဲ့ဖူးပြီးဖြစ်ပြီး အက်သလက်တီကို နည်းပြ ဆီမြွန်နီရဲ့ ကစားကွက်ထဲက အဓိက ဖဲတစ်ချုပ်ဖြစ်လာခဲ့ပါတယ်။ ဗဟိုကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ၊ ဗဟို နောက်ခံလူ တစ်ယောက်အဖြစ်လည်း ကစားနိုင်တယ်လို့ သိရပါတယ်။ ဆာအူးလ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၁၆ မှာ ပါဝင်ဖို့ ရွေးချယ်ခြင်းခံထားရပြီး အသက်အလိုက် စပိန်အသင်းတွေမှာတော့ ကိုယ်စားပြုကစားဖူးတယ်လို့ သိရပါတယ်။
အက်သလက်တီကိုအသင်းကတော့ ဆာအူးလ်နဲ့အတူ တစ်ပတ်လုပ်ခ ပေါင်ရှစ်သောင်းနဲ့ ၂၀၂၁ အထိရှိနေစေမယ့် စာချုပ်ကို ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆာအူးလ်ရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၃၄ သန်းကနေ ၅၄ သန်းအထိ ထိုးတက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကိုတော့ မန်ယူအသင်းက ပေးချေသွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားတစ်ယောက်အတွက်တော့ များပြားတဲ့ ငွေကြေးဖြစ်ပြီး မန်ယူအသင်းကတော့ အရင်နှစ်နွေရာသီအပြောင်းအရွှေ့တုန်းကလည်း မိုနာကိုအသင်းရဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမား မာရှယ်လ်ကို ပေါင် ၃၂ သန်းနဲ့ ခေါ်ယူဖူးတဲ့ အလားအလာတွေ ရှိနေခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : DailyMail
0 comments :
Post a Comment