Powered by Blogger.

Adidas က ဒယ်လ်အယ်လီနဲ့အတူ ပေါင် ၈ သန်းတန်စပွန်ဆာစာချုပ် ချုပ်ဆိုသွားမည်


နာမည်ကျော်အားကစားဝတ်စုံကုမ္ပဏီတစ်ခုဖြစ်တဲ့ Adidas ကတော့ စပါးကွင်းလယ်လူ Dele Alli ဒယ်လ်အယ်လီကို ပေါင် ၈ သန်း တန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုသွားဖွယ်ရှိနေပါတယ်။ ဒယ်လ်အယ်လီအတွက်တော့ မက်လောက်စရာ ငွေပမာဏဖြစ်ပြီး စပါးအသင်းမှာ သူ့ရဲ့တစ်နှစ်လုပ်ခက ဒီတန်ဖိုးလောက်တောင်မများဘူးလို့ သိရပါတယ်။ လောလောဆယ်မှာတော့ စာချုပ်အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး အမှန်တကယ်ချုပ်ဆိုဖွယ်တွေရှိနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ အင်္ဂလန်မှာ နာမည်ကျော်ကြားလာခဲ့ပြီး လာမယ့် ယူရို-၂၀၁သ၆ ပြိုင်ပွဲမှာလည်း သူ့ခြေစွမ်းကို အများစုက အလေးထားစောင့်ကြည့်နေမှာဖြစ်တာကြောင့် Adidas ကလည်း အကွက်မြင်မြင်နဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ဒီလိုနာမည်တက် ကစားသမားတစ်ယောက်နဲ့ ပွဲထုတ်လိုက်တာပါ။

ဒယ်အယ်လီဟာ Adidas အတွက် ပိုစတာမော်ဒယ်အဖြစ်လည်း ပြုလုပ်ပေးရမှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေ အတွင်းကတော့ အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်နဲ့ ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကလည်း ဒီလိုမျိုး ပိုစတာမော်ဒယ်အဖြစ် Adidas အတွက် ပြုလုပ်ပေးခဲ့ဖူးပါတယ်။ အဲ့အချိန်တုန်းကတော့ အယ်လီဟာ MK ဒွန်းစ်အသင်းမှာ သွားရောက်ကစားနေတာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်းက နိုင်ငံအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ အယ်လီဟာ လာမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်အဖြစ် ပွဲထွက်လာနိုင်ပါတယ်။ စပါးအသင်းကတော့ ဒီလို ခြေတက် ကစားသမားကို ဇန်နဝါရီလအတွင်းက တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ အထိ ရရှိစေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပေမယ့်လည်း ဥရောပအသင်းကြီးတွေက အယ်လီကို မက်လောက်စရာ ငွေကြေးနဲ့ ကမ်းလှမ်းလာဖွယ်ရှိနေတာကြောင့် လုပ်ခပိုများလာမယ့် စာချုပ်သစ်ကို ထပ်မံကမ်းလှမ်းချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

အယ်လီကိုတော့ ပြင်သစ်အင်အားကြီး ကလပ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပြီး စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ ဒီကစားသမားကို အနာဂတ်အစီအစဉ်တွေမှာ စပါးအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်မယ်လို့ ယုံကြည်နေပြီး ထုတ်ရောင်းဖွယ်မရှိဘူးလို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : DailyMail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment