မနေ့ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ပွဲစဉ်တိုင်းလိုလိုက အကြိတ်အနယ်ရှိခဲ့ကြပြီး ရလဒ်တွေကလည်း ခန့်မှန်းဖို့ အတော်လေးခက်ခဲလာတာကို တွေ့ရပါတယ်။
ထုံးစံအတိုင်းအကြိတ်အနယ်ရှိခဲ့တဲ့ မာဆေးဆိုက်ဒါဘီမှာတော့ လီဗာပူးလ်အသင်းက အဲဗာတန်အသင်းကို လေးဂိုးသွင်းခဲ့ပြီး မန်ယူ ၊ ဝက်စ်ဟမ်းစတဲ့ အသင်းတွေကလည်း ချန်ပီယံလိဂ်နဲ့ ဥရောပဝင်ခွင့်တွေအတွက် နိုင်ပွဲကိုယ်စီပုံဖော်နိုင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အန်ဖီးလ်ကွင်းမှာတော့ ကြိုးကြာနီတို့ရဲ့ အတောင်ပံက အပြာရောင်ရဲတိုက်ကြီးကို အတော်လေး အုပ်မိုးနိုင်ခဲ့ပါတယ်။ အော်ရီဂီ ၊ မီလ်နာ ၊ စတာရစ်ခ်ျ ၊ လယ်လာနာ စတဲ့ ကစားသမားတွေက လီဗာပူးလ်တိုက်စစ်ကို ကြောက်စရာဖြစ်အောင် အသက်သွင်းခဲ့ကြပါတယ်။
ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ တိုက်စစ်မှူး အော်ရီဂီက သွင်းယူပေးခဲ့တာဖြစ်ပြီး ခေါင်းတိုက်ခဲ့တာပါ။
အော်ရီဂီရဲ့ ခေါင်းတိုက်ဂိုး |
မီလ်နာရဲ့ သေသပ်တဲ့ဖြတ်တင်ဘောကို အရပ်ပိုရှည်တဲ့ အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ကျော်ဖြတ်ပြီး ခေါင်းတိုက်ခဲ့တဲ့ အော်ရီဂီကတော့ ချီးကျူးစရာပါပဲ။ ၀.၈၅ စက္ကန့်အတွင်းမှာ ၂ပေ ၁၀ လက်မအထိ ခုန်နိုင်ခဲ့ပြီး ခေါင်းတိုက်အဖွင့်ဂိုးကို သွင်းယူခဲ့တာကတော့ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။
ဆာခိုရဲ့ ဒုတိယဂိုး |
တစ်ယောက်လျော့သွားတဲ့ အဲဗာတန်ကို လီဗာပူးလ်တို့ တောက်လျှောက်ဖိအားပေးခဲ့ပြီး ၆၁ မိနစ်မှာ စတာရစ်ခ်ျက လူးကပ်စ်ရဲ့ ပေးပို့မှုနဲ့ တတိယဂိုး ၊ ၇၃ မိနစ်မှာ ကော်တင်ဟိုက အဝေးကန်ချက်နဲ့ စတုတ္ထဂိုးတွေကို သွင်းယူပေးခဲ့တာပါ။
တစ်ခြားပွဲစဉ်တွေမှာတော့ မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဒယ်လာနေရဲ့ လေးမိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းဂိုးကြောင့် မန်ယူအသင်းအခြေအနေကောင်းနေခဲ့ပြီး ၅၅ မိနစ်မှာ ဒါမီယန်က အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဝက်ဒ်ဖို့ဒ်အသင်းကို သုံးဂိုးတစ်ဂိုးနဲ့
အနိုင်ရခဲ့ပြီး ဥရောပဝင်ခွင့်အတွက် အကောင်းဆုံးတိုက်ပွဲဝင်နေခဲ့ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal
0 comments :
Post a Comment