Powered by Blogger.

သူနိုင်ကိုယ်နိုင်အပြိုင်ကြဲခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ယူ

အဖွင့်ဂိုးကို လင်ဂတ်ကန်သွင်းယူနေစဉ်

ချယ်လ်ဆီးကွင်းမှာ သွားကစားခဲ့ရပေမယ့်လည်း မန်ယူအသင်းကတော့ တိုက်စစ်ပိုင်းမြိုင်ဆိုင်ခဲ့တာကြောင့်  မန်ယူပရိသတ်တွေအတွက်တော့ ကျေနပ်စရာပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှ မန်ယူနောက်တန်း သတိလက်လွတ်ဖြစ်သွားတာကို ဒီယေဂိုကော်စတာက အကောင်းဆုံး အသုံးချခဲ့ပြီး ချယ်လ်ဆီးအတွက် သရေတစ်မှတ်ရယူပေးနိုင်ခဲ့တယ်။

ဒီနှစ်သင်းစလုံးရဲ့ တောင်ပံတိုက်စစ်တွေဖြစ်တဲ့ မာရှယ်လ်နဲ့ ဝီလီယံတို့ နှစ်ယောက်စလုံးကတော့ နောက်ခံလူတွေကို အလုပ်ရှုပ်အောင် လုပ်နိုင်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကော်တိုအာကတော့ အကောင်းဆုံးလက်စွမ်းနဲ့ မန်ယူရဲ့ ဂိုးရလုအခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တယ်။





မာရှယ်ရဲ့ ကန်ချက်ကို ချယ်လ်ဆီးဂိုးသမား ကော်တိုအာ ပုတ်ထုတ်လိုက်စဉ်
မန်ယူရဲ့ တောင်ပံတစ်လျှောက်မှာ လှုပ်ရှားနေတဲ့ မာရှယ်လ်ရဲ့ အမှတ်မထင် ကန်ချက်ပြင်းကို ကော်တိုအာက လက်ထိပ်နဲ့ တို့ထုတ်နိုင်ခဲ့တယ်။ ဒီအနေအထားမှာ ကော်တိုအာသာ မပုတ်ထုတ်ခဲ့ရင်တော့ မန်ယူဦးဆောင်ဂိုး သေချာပေါက်ရမယ့် အနေအထားမှာ ရှိခဲ့တယ်။ ပြောစရာရှိတာကတော့ ရာသီတစ်လျှောက်လုံး ပုံမှန်ခြေစွမ်းပျောက်နေတဲ့ အီဗန်နိုဗစ်ဟာဆိုရင် မန်ယူက မာရှယ်လ်ကို ထိန်းထားရတဲ့အချိန်မှာတော့ အခွင့်အရေးတွေ မကြာခဏဆိုသလို ပေးနေခဲ့ရတယ်။


ခေါင်းတိုက်လိုက်တဲ့ မာတစ်နဲ့ တားဆီးဖို့ကြိုးစားနေတဲ့ မန်ယူ လူငယ်နောက်ခံလူ ဘော့သ်ဝစ်ဂျက်ဆင်

မန်ယူနောက်တန်းမှာ ဒဏ်ရာရကစားသမားများနေတာကြောင့် လူငယ်နောက်ခံလူ ဘော့သ်ဝစ်ဂျက်ဆင်ကို ပွဲထုတ်ခဲ့ပြီး သူကလည်း အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဝီလီယံကိုတော့ မနည်းထိန်းခဲ့ရပေမယ့်လည်း အမှားကြီး သိပ်မရှိခဲ့ပါဘူး။



ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာကတော့ မန်ယူနောက်တန်းကို တစ်ချိန်လုံး အလုပ်ပေးခဲ့ပါတယ်။ ထောင့်ကျကျမြေလိမ့်ကန်ချက် ဂိုးတိုင်ဘေးကနေထွက်သွားလို့ ချယ်လ်ဆီးတို့ နစ်နာခဲ့တယ်။

မာတစ်ရဲ့ ခေါင်းတိုက်ချက်ကို အမိဖမ်းနိုင်ခဲ့တဲ့ ဒီဂီယာ
ချယ်လ်ဆီး ထောင့်ကန်ဘောအရမှာတော့ မာတစ်အပိုင်ခေါင်းတိုက်ခဲ့ပြီး ဂိုးသမားဒီဂီယာအမိဖမ်းနိုင်ခဲ့တယ်။


တယ်ရီရဲ့ ကန်ချက် ဘလင်းလက်နဲ့ထိသွားစဉ်

ချယ်လ်ဆီးနောက်ခံလူ တယ်ရီရဲ့ အနီးကပ်ကန်ချက်ကတော့ မန်ယူကွင်းလယ်လူ ဘလင်းနဲ့ လက်ထိသွားခဲ့ပေမယ့်လည်း ပင်နယ်တီမရခဲ့လို့ ချယ်လ်ဆီးတို့ နစ်နာခဲ့ရတယ်။




မန်ယူအတွက်ဦးဆောင်ဂိုးကို လင်ဂတ်သွင်းယူလိုက်စဉ်

ပထမပိုင်းတစ်ပိုင်းလုံး ဂိုးကန်ခွင့်တွေ ရခဲ့ပေမယ့်လည်း ဂိုးတွေမတွေ့ခဲ့ရပါဘူး။ မန်ယူအတွက် ဦးဆောင်ဂိုးကိုတော့ ၆၁ မိနစ်မှာ လင်ဂတ်က တစ်ပတ်လည် ပြန်ကန်ခဲ့ပြီး လှလှပပသွင်းယူပေးနိုင်ခဲ့တယ်။ မန်ယူဦးဆောင်ဂိုးရပြီးတဲ့နောက်မှာလည်း ထပ်ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။


ဒူးဒဏ်ရာပြင်းတဲ့ ချယ်လ်ဆီးနောက်ခံကစားသမား ဇူးမား

နောက်ပိုင်းမှာတော့ ချယ်လ်ဆီးနောက်ခံလူ ဇူးမား ဒူးဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး လူစားလဲခဲ့ရပါတယ်။

ဂိုးသမားကိုလိမ်ပြီး ချေပဂိုးသွင်းယူလိုက်သည့် ကော်စတာ

ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဖာဘရီဂတ်ရဲ့ အကွက်ကျကျဖြတ်တင်ဘောကနေ ကော်စတာက ဂိုးသမားကို လိမ်ပြီး သွင်းယူနိုင်ခဲ့ပါတယ်။




နောက်ထပ်ပရီးမီးယားလိဂ်ပွဲမှာတော့ အာဆင်နယ်အသင်းက ဘုန်းမောက်ကို အဝေးကွင်းမှာ နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC ,Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment