Powered by Blogger.

မက်ဒရစ်မှာ ကစားရတာကိုပျော်ရွှင်ပြီး ပွဲတိုင်းကို အာရုံစိုက်နေတဲ့ Gareth Bale



ရီးရဲလ်မက်ဒရစ်ရဲ့ တောင်ပံကစားသမား Bale ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပြီးတော့  လာလီဂါချန်ပီယံဆုကိုရယူနိုင်ဖို့ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဝေးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ မန်ယူအသင်းက ချိတ်ဆက်မှုတွေပြုလုပ်နေချိန်မှာ အခုလိုမျိုးပဲ Bale က ပြောကြားလိုက်တာပါ။ Bale ဟာ နည်းပြသစ် Zidane လက်ထက်ပထမဆုံးပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဒီပို့တီဗိုအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။

Bale ဟာ နည်းပြ Benitez ကို ထုတ်ပယ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း စိတ်မသက်မသာဖြစ်ခဲ့ပြီး နည်းပြသစ် Zidane လက်အောက်မှာတော့ အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ " ကျွန်တော် ဘောလုံးကစားရတာကိုလည်း နှစ်သက်နေသလို ဒီလိုပဲဆက်ကစားသွားအုံးမှာပါ။ " လို့ Bale ကပြောပါတယ်။

ဒါ့အပြင် နည်းပြသစ် Zidane နဲ့ ပတ်သက်ပြီးတော့လည်း " သူဟာ ကစားသမားဘဝတုန်းက အံ့သြဖို့ကောင်းတဲ့သူတစ်ယောက်ပါ။ သူက အသင်းမှာသာမကပဲ ဘောလုံးလောကရဲ့ ဂန္တဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်နဲ့ သူ စကားတွေပြောခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ကွင်းထဲမှာ ၁၀၀ % အပြည့်ပေးဆပ်နိုင်ဖို့ ကြိုးစားနေပြီး ဒီပို့တီပိုအသင်းနဲ့ပွဲမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ အနာဂတ်ကိုတော့မှန်းဆလို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လိဂ်အတွင်းမှာ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ တစ်ချိန်လုံးတိုက်ပွဲဝင်နေမှာကတော့ ပွဲသိမ်းခရာမမှုတ်ခင်အထိပဲ။  " လို့  Bale က ပြောပါတယ်။

နည်းပြသစ် Zidane ကတော့ Bale ဟာ ရှေ့တန်းရော နောက်တန်းမှာပါ ကစားနိုင်ဖို့ မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။ အခုလို Bale ကိုယ်တိုင်က မက်ဒရစ်မှာပဲ ကစားသမားဘဝကို နစ်မြှုပ်ထားတယ်လို့ ပြောကြားလိုက်တာကြောင့် မန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေဟာလည်း တိတ်ဆိတ်သွားခဲ့ရပါတယ်။


( Paing A K )

#သစ်​ထူးလွင်​(အားကစား)
#sports.thithtoolwin.com

Ref : BBC



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment