Powered by Blogger.

ဆွမ်ဆီးနည်းပြသစ်ဖြစ်လာနိုင်တဲ့ မန်ယူနည်းပြဟောင်း Moyes



ရလဒ်တွေဆက်တိုက်ဆိုးဝါးနေတဲ့ ဆွမ်ဆီးအသင်းကတော့ အသင်းနည်းပြနေရာအတွက် မန်ယူနည်းပြဟောင်း David Moyes နဲ့အတူ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သူတို့ဟာ လက်ရှိနည်းပြဖြစ်တဲ့ Garry Monk ကို ရာထူးက ထုတ်ပယ်ချင်နေပြီး David Moyes ကို ဦးစားပေးနည်းပြအဖြစ် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဆွမ်ဆီးအသင်း ဥက္ကဌ Huw Jenkins David Moyes ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ဆွမ်ဆီးအသင်းဟာ အခုလို ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့အတွက် အသင်းမှာ ကောင်းကောင်း ဦးဆောင်နိုင်မယ့်နည်းပြတစ်ယောက် လိုအပ်နေပြီးတော့ ဒီလိုဦးဆောင်နိုင်တဲ့သူကလည်း Moyes သာ ဖြစ်လာလိမ့်မယ်လို့ Jenkins က ယုံကြည်နေတာပါ။ Moyes ကတော့ ဆိုစီဒက်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ ဘောလုံးလောကကို အလျင်အမြန်ပြန်ဝင်ရောက်အုံးမှာ မဟုတ်ဘဲနဲ့ အချိန်ယူ ပြင်ဆင်အုံးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း ဆွမ်ဆီးပရိသတ်တွေကတော့ လက်ရှိနည်းပြ Monk ကို အတော်လေးကို စိတ်ပျက်လျက်ရှိကြပြီး အခြေအနေဆိုးတွေက ရုန်းထွက်နိုင်အောင် စွမ်းဆောင်ပေးနိုင်မယ့် နည်းပြတစ်ယောက်ယောက်ကို အမြန်အစားထိုးစေချင်နေလျက်ရှိတယ်လို့ သိရပါတယ်။ Jenkins ကတော့ Monk ကို ထုတ်ပယ်ဖို့ အသင့်ရှိနေပြီး လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာတော့ အသင်းကို စိတ်ကြိုက် ပြင်ဆင်ခွင့်ပြုပြီး အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။

ဆွမ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဆယ့်တစ်ပွဲမှာ တစ်ပွဲသာနိုင်ခဲ့ပြီး ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရပါတယ်။



(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment