Powered by Blogger.

Mourinho ဟာ အကောင်းဆုံးအဖြစ်ဆက်ရှိနေအုံးမှာပါလို့ အေးဂျင့် Jorge Mendes ပြော



ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပေမယ့်လည်း Mourinho ဟာ အကောင်းဆုံးနည်းပြတစ်ယောက်အဖြစ် ဆက်ရှိနေအုံးမှာပါလို့ သူရဲ့အေးဂျင့်ဖြစ်တဲ့ Jorge Mendes က ပြောပါတယ်။ Mourinho ဟာ ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင်လုပ်ပေးပြီး ခုနစ်လအကြာမှာပဲ အခုလိုနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။ ဒါပေမယ့်လည်း သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ Mendes ကတော့ သူ့ဘက်ကနေ ကာကွယ်ပြောကြားပေးခဲ့ပြီး နည်းပြ Mourinho ဟာ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်နေအုံးမှာပါလို့ ပြောပါတယ်။

" Jose ဟာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်နေအုံးမှာပါ။ သူဟာ ပထမအကြိမ် ထုတ်ပယ်ခံခဲ့ရတုန်းကလည်း အခုလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ အင်တာမီလန်အသင်းကို သွားရောက်ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ် ၊ စီးရီးအေစတဲ့ ဆုဖလားတွေ အများကြီးကို သိမ်းပိုက်နိုင်ခဲ့တာ။ ပြီးတော့ ရီးရဲလ်မက်ဒရစ်မှာလည်း အောင်မြင်မှုတွေအများကြီးကို ရယူနိုင်ခဲ့တယ်။ အခုဆိုရင်လည်း ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့တာ မဟုတ်ဘူး။ ချယ်လ်ဆီးမှာလည်း အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး ရယူဖို့ခက်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတောင် ရယူနိုင်ခဲ့တာပဲ " လို့ အေးဂျင့်ဖြစ်သူ Jorge Mendes က ပြောပါတယ်။

Mourinho ဟာ အသင်းကြီးအတော်များများကို ရလဒ်ကောင်းတွေ ရအောင် စွမ်းဆောင်ပေးခဲ့နိုင်ပြီးတော့ အခုဆိုရင်လည်း သူ့ကို အလုပ်ကမ်းလှမ်းဖို့ ပီအက်စ်ဂျီ ၊ မန်ယူ စတဲ့ အသင်းတွေက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment