Powered by Blogger.

Instagram မှာ follower အများဆုံးစာရင်းကို လွှမ်းမိုးထားတဲ့သားသည်အဖေ ဘောလုံးသမားများ



လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Instagram မှာ ဘောလုံးလောက,က ကစားသမားအများစုကတော့ follower ပေါင်း သန်းချီရရှိနေကြပါတယ်။ အခုဆိုရင်တော့ dailymail က follower အများဆုံး ကစားသမားဆယ်ယောက်စာရင်းကို ထုတ်ပြန်လိုက်ပြီး ထိပ်ဆုံးသုံးယောက်နေရာမှာတော့ Ronaldo , Neymar နဲ့ Messi တို့က အစဉ်လိုက်ရပ်တည်နိုင်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ follower အများဆုံးကစားသမားတွေကတော့ ကလေးအဖေတွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ icon ကစားသမား Ronaldo ဟာ follower အရေအတွက် ၃၉.၅ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်ပြီး အခုစာရင်းမှာတော့ Neymar နဲ့ Messi တို့ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ Ronaldo ဟာ လူမှုကွန်ရက်စာမျက်နှာတွေကို မှန်မှန်သုံးလေ့ရှိပြီး သူ့ရဲ့ selfie ပုံတွေ

သူ့သားနဲ့ ဓာတ်ပုံတွေကို အမြဲလိုလို မျှဝေလေ့ရှိတာကြောင့် အခုလို စာရင်းမှာ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ သူ့ရဲ့ like အရဆုံး ဓာတ်ပုံကတော့ သူ့သားနဲ့ အပြိုင် ကြွက်သားတွေကို ညှစ်ထုတ်နေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သူ့ရဲ့နောက်မှာတော့ ဘာစီလိုနာစတား Neymar က follower ၃၆.၅ သန်းနဲ့ ဒုတိယနေရာကို ရောက်ရှိနေပါတယ်။ သူကလည်း Ronaldo လိုပဲ သားဖြစ်သူ Lucca နဲ့ ဓာတ်ပုံတွေ တင်လေ့ရှိပြီး ချန်ပီယံလိဂ်ဖိုင်နယ်ပွဲတုန်းက သားဖြစ်သူကိုဖက်ပြီး ရွှေတံဆိပ်ကို ကိုက်ထားတဲ့ ဓာတ်ပုံက like အများဆုံးရခဲ့တာဖြစ်ပါတယ်။




တတိယနေရာက Messi ကတော့ follower သန်း ၃၀ နဲ့ တတိယနေရာကို ရောက်ရှိနေပြီး သားဖြစ်သူ  Thiago နဲ့ရိုက်ထားတဲ့ ဓာတ်ပုံက like အများဆုံးရခဲ့တာပါ။ သူ့နောက်မှာတော့ ရီးရဲလ်ကွင်းလယ်ကစားသမားဖြစ်တဲ့ James Rodriguez က follower ၁၆ သန်းနဲ့ စတုတ္ထနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူကတော့ သမီးဖြစ်သူ Salome နဲ့ တွဲရိုက်ထားတဲ့ ပုံက လူကြိုက်အများဆုံးဖြစ်ခဲ့ပါတယ်။

သူ့နောက်မှာတော့ ရီးရဲလ်ကစားသမား Bale နဲ့ ပီအက်စ်ဂျီနောက်တန်း ကစားသမား David Luiz တို့က follower ၁၁ သန်းစီနဲ့ ရပ်တည်လျက်ရှိပြီး ၊ ဆွီဒင်နာမည်ကျော် Ibrahimovic က နံပါတ် ခုနစ်နေရာမှာရပ်တည်လျက်ရှိနေပါတယ်။ သူတို့နောက်မှာတော့ Ronaldinho , Benzema နဲ့

Thiago Silva တို့က Follower ရှစ်သန်းစီနဲ့ အစဉ်လိုက် ရပ်တည်လျက်ရှိတယ်လို့သိရပါတယ်။ Instagram မှာ follower အများဆုံး ဘောလုံးသမားတွေမှာတော့ ကလေးအဖေ ကစားသမားတွေက ထိပ်ဆုံးနေရာတွေကို လွှမ်းမိုးထားနိုင်ပြီး Follower သန်းချီကို ရရှိပိုင်ဆိုင်ထားကြပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment