Powered by Blogger.

လန်ဒန်နှစ်သင်း ရှုံးထွက်အဆင့်တက်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်များ






မနေ့ညကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်ခဲ့ကြပြီး အင်္ဂလန်အသင်းတွေဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးတို့ကတော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဘာစီလိုနာကတော့ လေဗာကူဆင်ရဲ့ အုပ်စုတက်ရေးမျှော်လင့်ချက်ကြောင့်

အနည်းငယ် အခက်တွေ့ခဲ့ပြီး သရေကျခဲ့ပါတယ်။ ဘိုင်ယန်အသင်းကတော့ ဒိုင်နမိုဇာဂရက်ဘ်ကို အမှားအယွင်းမရှိခဲ့ဘဲ နှစ်ဂိုးသွင်းပြီး အနိုင်ရခဲ့ပါတယ်။

အိုလံပီယာကော့စ် ၀-၃ အာဆင်နယ်
အာဆင်နယ်အသင်းကတော့ ဂရိမြေမှာ ဘာလုပ်ရမယ်ဆိုတာကို သိတယ်လို့ နည်းပြ Arsene Wenger ပြောခဲ့သလိုပဲ အကောင်းဆုံးကစားပြနိုင်ခဲ့ပြီး သုံးဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ အနိုင်ဂိုးသုံးဂိုးလုံးကိုလည်း အာဆင်နယ်ပရိသတ်တွေ အရင်ပွဲတွေမှာ အားမလို အားမရဖြစ်ခဲ့ကြတဲ့ တိုက်စစ်မှူး Giroud က ဟက်ထရစ်သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၂၉ မိနစ်မှာတော့ Ramsey ရဲ့ ဖန်တီးပေးမှုကနေ Giroud က ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို ခေါင်းတိုက်ခဲ့ပြီး အာဆင်နယ်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။

ပွဲချိန် ၄၉ မိနစ်အရောက်မှာတော့ Joel Campbell က အိုလံပီယာကော့စ်နောက်တန်းလူတွေကို လိမ်ခေါက်ပြီး အလိုက်သင့်ချပေးတာကို Giroud က ဘယ်ခြေနဲ့ ပိတ်သွင်းခဲ့တာကြောင့် အာဆင်နယ်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အရေးကြီးတဲ့ အနိုင်ဂိုးကိုတော့ အာဆင်နယ်အသင်း တိုက်စစ်ဆင်ရာကနေ Monreal က ကန်လိုက်ရာမှာ အိုလံပီယာကော့စ် နောက်ခံလူလက်ထိခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကိုလည်း Giroud က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။








ဖိအားတွေ လျော့ခဲ့တဲ့ Mourinho
ချယ်လ်ဆီး ၂-၀ ပေါ်တို


ချယ်လ်ဆီးအသင်းကတော့ ပေါ်တိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ ဘောလုံးကိုင်ကစားခွင့်တော့ မရခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်ကနေ ဂိုးတွေကို ရယူနိုင်ခဲ့တာပါ။ ပွဲချိန် ၁၂ မိနစ်မှာHazard ခင်းပေးတာကို Diego Costa က ဂိုးသမား နဲ့တစ်ယောက်ချင်းတွေ့ခဲ့ပေမယ့် Casillas က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးက ပေါ်တိုနောက်ခံလူ Marcano နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ တန်ပြန်တိုက်စစ်တွေက မနှစ်က ခြေစွမ်းလိုမျိုး ပြန်မြင်ရခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ Costa ရဲ့ ချပေးမှုကနေ Willian က ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းခဲ့တာပါ။ ပေါ်တို ဂိုးသမား Casillas ကတော့ ချယ်လ်ဆီးရဲ့ အခွင့်အရေးအတော်များများကို ကာကွယ်နိုင်ခဲ့တာကြောင့် ဒီထက်ဂိုးမပြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းကတော့ အုပ်စု G မှာ ဒိုင်နမိုကိဗ်အသင်းနဲ့ အတူ

ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုအနိုင်ကြောင့် ဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ အသင်းပိုင်ရှင် Movich လည်း အသင်းရဲ့  ကစားပုံကို ကျေနပ်ခဲ့တဲ့ပုံ ပေါ်ပြီး ထိုင်ခုံလှုပ်နေတဲ့ နည်းပြ Mourinho ကတော့ ဖိအားတွေ အနည်းငယ်လျော့သွားခဲ့ရပါတယ်။





 



လေဗာကူဆင် ၁-၁ ဘာစီလိုနာ

ရိုးမား ၀-၀ ဘိုရီဆော့ဗ်

ဒိုင်နမိုဇာဂရက်ဘ် ၀-၂ ဘိုင်ယန်မြူးနစ်


ဒိုင်နမိုကိဗ် ၁-၀ မက္ကာဘီတဲလ်အဗစ်


ဗလင်စီယာ ၀-၂ လိုင်ယွန်

 
ဂျန့် ၂-၁ ဇင်းနစ်






(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment