Powered by Blogger.

နည်းပြ Guardiola ကို စံချိန်တင်လစာနဲ့ သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ ဘိုင်ယန်မြူးနစ်




ဘာဗေးရီးယန်းတွေဟာ သူတို့ရဲ့ အကျော်အမော်နည်းပြ Pep Guardiola ကို ဆက်ထိန်းထားနိုင်ဖို့အတွက် စံချိန်တင်လစာနဲ့ သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ပရီးမီးယားလိဂ်ကို မျက်စပစ်နေတဲ့  Guardiola ကို အသင်းဥက္ကဌ  Rummenigge က တစ်နှစ်ကို ပေါင် ၁၇ သန်းဆိုတဲ့ စံချိန်တင်လစာနဲ့ ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချင်နေတာပါ။ သူ့ကို ခေါ်ယူလိုနေတဲ့ မန်စိးတီး ၊ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ မန်ယူ စတဲ့ အသင်းတွေကတော့ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ဘိုင်ယန်အသင်းကတော့ မက်လုံးပေးပြီး ဆက်လက်ကိုင်တွယ်စေလိုနေတာပါ။


အာဆင်နယ်အသင်းကတော့ အနားယူနိုင်တဲ့ သက်တော်ရှည်နည်းပြ Arsene Wenger ရဲ့ နေရာမှာ အစားထိုးဖို့ စောင့်ကြည့်နေတာဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဘာစီလိုနာရဲ့ အောင်မြင်မှုတွေကို အားကျနေလို့ သူ့လိုနည်းပြကို အတ်တီဟတ်ကို အရခေါ်ချင်နေတာပါ။ ခြင်္သေ့ပြာတွေကတော့ ရလဒ်မကောင်းတော့တဲ့ နည်းပြ Mourinho ကို ထုတ်ပယ်ဖြစ်ရင် အစားထိုးခန့်အပ်ဖို့ စောင့်ကြည့်နေပြီး မန်ယူအသင်းကတော့ နည်းပြကြီး Ferguson ထွက်သွားတည်းက ချိန်နေတာ အခုထိပဲဖြစ်ပါတယ်။


Guardiola ဟာ အခုလောလောဆယ်မှာလည်း တစ်နှစ်ကို ပေါင် ၁၄ သန်းရရှိနေပြီး  Mourinho ရဲ့ တစ်နှစ်ပေါင် ၁၂ သန်းကို ကျော်ပြီး ဘောလုံးလောကမှာ လစာအများဆုံးနည်းပြ ဖြစ်နေတာပါ။ သူကိုယ်တိုင်အနာဂတ်ဆုံးဖြတ်ချက်ကို ချမှတ်မှာဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်နဲ့ စာချုပ်ကိစ္စဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဂျာမန်ဘီလူးကတော့ သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေပြီး အင်္ဂလန်မြေနဲ့ ကောလဟလတွေကို ရပ်တန့်ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။



မန်စီးတီးကတော့ သူ့ကို အလိုအပ်ဆုံးဖြစ်နေပြီး    သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကိုတောင် ခေါ်ယူထားပြီး လာမာစီယာလို လူငယ်အကယ်ဒမီတစ်ခုကိုပါ အကောင်းမွန်ဆုံးတည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆာကတော့ Guardiola ကို ဘိုင်ယန်လက်ထဲကနေ ငွေအားအလုံးအရင်း အသုံးပြုပြီးခေါ်ယူသွားဖွယ် ရှိနေတယ်လို့လည်း ခန့်မှန်းကြပါတယ်။ လိုချင်တာကို ငွေပုံအောပေးတတ်တဲ့ ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ Guardiola ကို လွန်ဆွဲပွဲကတော့ ကြည့်လို့ကောင်းအုံးမှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment