Powered by Blogger.

အင်္ဂလန်ရဲ့ လက်ရှိအင်အားစုက ကြောက်မက်ဖွယ်ဖြစ်လာပြီလို့ နည်းပြ Roy Hodgson ပြော




အင်္ဂလန်အသင်းဟာ မနေ့ညက လစ်သူရေးနီးယားအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ Hodgson က အခုလိုပြောလိုက်တာပါ။ အဲ့ဒီပွဲမှာ အင်္ဂလန်ရဲ့ လူငယ်တွေဖြစ်တဲ့ Barkley , Kane နဲ့ Chamberlain တို့က ခြေစွမ်းပြကစားသွားခဲ့တာပါ။ Hodgson က ယူရိုခြေစစ်ပွဲမှာ ပွဲစဉ်အားလုံးကို  အနိုင်ရအောင်ကစားပေးခဲ့တဲ့  သူ့ရဲ့ ကစားသမားတွေကိုလည်း ယုံကြည်မှုအပြည့်ရှိကြောင်း ပြောလိုက်ပါတယ်။


အင်္ဂလန်အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာပါ။ Hodgson က " အသင်းဟာ ရှုံးပွဲမရှိတဲ့ ပုံစံကောင်းတစ်ခုကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အဆင့်မှီ လှပတဲ့ဂိုးတွေကိုလည်း တည်ဆောက်ပေးနေနိုင်ပြီလေ။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့အသင်းမှာ ကစားသမားကောင်းတွေ ရှိနေလို့ပါ " လို့ Hodgson ကပြောပါတယ်။


" ကျွန်တော်တို့ လိုချင်တဲ့ ပစ်မှတ်ကိုထားပြီး ရောက်အောင်သွားရမှာပါ။ အရင် ကမ္ဘာ့ဖလားမှာ အရှက်ကွဲခဲ့တာတွေကို မေ့ပျောက်အောင် လုပ်နိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကို ခေါ်သွားမယ့် လူစာရင်းကိုတော့ အမှားမရှိအောင် ရွေးချယ်ရတော့မယ်လေ " လို့ ပြောသွားခဲ့တာပါ။


ဒါကြောင့် အင်္ဂလန်အသင်းဟာ ခြေစွမ်းပြနေတဲ့ Barkley , Chamberlain , Kane တို့ လူငယ်အင်အားစုနဲ့ လာမယ့် ယူရိုပြိုင်ပွဲမှာ ဘယ်အတိုင်းအတာထိအောင်မြင်မှုရယူနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment